အသက်(၇၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ နိုင်ငံကျော်တေးသံရှင်နွဲ့ယဉ်ဝင်း

Posted on

အန်တီဂျွိုက်စ်လို့ချစ်စနိုးခေါ်ကြတဲ့ နိုင်ငံကျော်တေးသံရှင်နွဲ့ယဉ်ဝင်းကတော့ ပရိသတ်တွေရင်ထဲစွဲစေတဲ့သီချင်းကောင်းများစွာကို သီဆိုခဲ့သူပါ။ ထူးခြားကောင်းမွန်တဲ့အသံပိုင်ရှင်တစ်ယောက်အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ နွဲ့ယဉ်ဝင်းကတော့ အနုပညာသက်တမ်းနှစ်(၅၀)ကျော်သွားပြီးလည်းဖြစ်ပါတယ်။ အသံချိုချိုကြည်ကြည်လေးနဲ့အတူ မြန်မာသီချင်းတွေသာမက အင်္ဂလိပ်သီချင်းတွေပါ သီဆိုခဲ့ပါသေးတယ်။


ဒီနေ့အထိပရိသတ်တွေအချစ်ကိုရရှိနေဆဲဖြစ်တဲ့ နွဲ့ယဉ်ဝင်းကတော့ အသက်(၇၅)နှစ်ပြည့်ခဲ့ပါပြီ။ ချစ်ရသူတွေကမွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့သလို သမီးဖြစ်သူကလည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ ဒါ့အပြင် မွေးနေ့မှာ စားသောက်ဖွယ်ရာတွေချက်ပြုတ်ပြီး မိသားစုနဲ့ချစ်ချစ်ခင်ခင်အချိန်ကုန်ဆုံးခဲ့တဲ့ပုံရိပ်တွေကိုလည်း ပရိသတ်တွေကို မျှဝေထားပါသေးတယ်။


နွဲ့ယဉ်ဝင်းကတော့ အနုပညာသက်တမ်းကာလအကြာကြီးမှာ ပရိသတ်ချစ်ခင်အားပေးမှုတွေများစွာရရှိထားတာပါ။ အခုအချိန်အထိလည်း သွက်လက်နုပျိုနေတာကြောင့် အသက်(၇၅)နှစ်လို့ထင်ရက်စရာမရှိတဲ့သူတစ်ယောက်ပါပဲ။ အသက်ထက်ဆုံးချစ်ရသူတွေနဲ့အတူ ပျော်ရွှင်ကျန်းမာတဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေ အန်တီဂျွိုက်စ်ရေ…
Source : ThanTharWin,NwetYinWin
Anna – CeleZone