” စိုးမိုးမေတ္တာ ” ဇာတ်ကားထဲက ဇာတ်ဝင်ခန်းကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြခဲ့တဲ့ ခင်ဇာခြည်ကျော်ရဲ့ ဗီဒီယို

Posted on

အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းတဲ့ ခင်ဇာခြည်ကျော်တစ်ယောက် တစ်ချိန်က အရမ်းကိုအောင်မြင်ခဲ့တဲ့ ” စိုးမိုးမေတ္တာ ” ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုကို Tik Tok မှာ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာလည်း အတော်လေး အောင်မြင်ခဲ့ပြီး Tik Tok ကစားသူ တော်တော်များများလည်း သဘောတကျနဲ့လိုက်ဆော့ကြပါတယ်။

ကလေးနှစ်ယောက်မိခင်ဖြစ်ပြီးနောက်မှာတောင် အရမ်းကိုနုပျိုပြီးလှပနေတာတော့ လိမ္မာတဲ့ သားလေးနဲ့သမီးလေးကို ပိုင်ဆိုင်ထားရ တာကြောင့်ပေါ့နော်။ သားနဲ့သမီးကလည်း မိခင်ရဲ့ အနုပညာအမွေကို အပြည့်အဝဆက်ခံပြီး ကိုယ်တိုင်လည်း အနုပညာဝါသနာပါသူ လေးတွေ ဖြစ်ကြပါတယ်။ လက်ရှိမှာလည်း ကြော်ငြာရိုက်ကူးမှုတွေလည်း ရှိနေပါတယ်။

မေမေခင်ဇာခြည်ကျော်တစ်ယောက် ဒီတစ်ခေါက်မှာတော့ တစ်ကိုယ်တော် Tik Tok ကစားထား တဲ့ ဗီဒီယိုလေးကို ” ဘာမှ မရိုက် ရပဲ အိမ်ထဲမှာနေ ရတာများလာတော့ TikTok ပဲရိုက်ရတာပေါ့ ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ အသက်အရွယ်နဲ့ မလိုက်အောင်နုပျိုလွန်းတာ တော့ စိတ်ပျိုလို့ ကိုယ်နုနေတာပဲ ဖြစ်လောက်ပါရဲ့ ပရိသတ်ကြီးရေ။

 

Happy – Cele Zone
Photo – Khin Zar Chi Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)

” စိုးမိုးေမတၱာ ” ဇာတ္ကားထဲက ဇာတ္ဝင္ခန္းကို ပိုင္ပိုင္ႏိုင္ႏိုင္ သ႐ုပ္ေဆာင္ျပခဲ့တဲ့ ခင္ဇာျခည္ေက်ာ္ရဲ႕ ဗီဒီယို

အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ႏုပ်ိဳလြန္းတဲ့ ခင္ဇာျခည္ေက်ာ္တစ္ေယာက္ တစ္ခ်ိန္က အရမ္းကိုေအာင္ျမင္ခဲ့တဲ့ ” စိုးမိုးေမတၱာ ” ဆိုတဲ့ ဇာတ္ကားထဲက ဇာတ္ဝင္ခန္းတစ္ခုကို Tik Tok မွာ သ႐ုပ္ေဆာင္ထားတာပဲျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းဟာလည္း အေတာ္ေလး ေအာင္ျမင္ခဲ့ၿပီး Tik Tok ကစားသူ ေတာ္ေတာ္မ်ားမ်ားလည္း သေဘာတက်နဲ႔လိုက္ေဆာ့ၾကပါတယ္။

ကေလးႏွစ္ေယာက္မိခင္ျဖစ္ၿပီးေနာက္မွာေတာင္ အရမ္းကိုႏုပ်ိဳၿပီးလွပေနတာေတာ့ လိမၼာတဲ့ သားေလးနဲ႔သမီးေလးကို ပိုင္ဆိုင္ထားရတာေၾကာင့္ေပါ့ေနာ္။ သားနဲ႔သမီးကလည္း မိခင္ရဲ႕ အႏုပညာအေမြကို အျပည့္အဝဆက္ခံၿပီး ကိုယ္တိုင္လည္း အႏုပညာဝါသနာပါသူေလးေတြ ျဖစ္ၾကပါတယ္။ လက္ရွိမွာလည္း ေၾကာ္ျငာ႐ိုက္ကူးမႈေတြလည္း ရွိေနပါတယ္။

ေမေမခင္ဇာျခည္ေက်ာ္တစ္ေယာက္ ဒီတစ္ေခါက္မွာေတာ့ တစ္ကိုယ္ေတာ္ Tik Tok ကစားထား တဲ့ ဗီဒီယိုေလးကို ” ဘာမွ မ႐ိုက္ ရပဲ အိမ္ထဲမွာေန ရတာမ်ားလာေတာ့ TikTok ပဲ႐ိုက္ရတာေပါ့ ” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။ အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ႏုပ်ိဳလြန္းတာ ေတာ့ စိတ္ပ်ိဳလို႔ ကိုယ္ႏုေနတာပဲ ျဖစ္ေလာက္ပါရဲ႕ ပရိသတ္ႀကီးေရ။

Happy – Cele Zone
Photo – Khin Zar Chi Kyaw