ဘီလီယံလေးရဲ့ မွေးနေ့ကိုတက်ရောက်ခဲ့တဲ့ ပုံလေးတွေကို မျှဝေလာတဲ့ ဗီဗာဟိန်း

Posted on

ပရိသတ်ကြီးရေ ဗီဗာဟိန်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့အထိကို အေင်မြင်တဲ့ တေးသီချင်းကောင်းများစွာထွက်ရှိထားတဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။

ဗီဗာဟိန်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုတော်သားဂန်းနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်တို့ရဲ့ သမီးဦးလေးဖြစ်တဲ့ ယွန်းဘီလီယံမောင်လေးရဲ့ မွေးနေ့လေးကို တက်ရောက်ခဲ့ပါတယ်။ ဘီလီယံလေးရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့ပြီး ပွဲမှာရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကိုတော့ ဗီဗာဟိန်းက ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြခဲ့ပါတယ်။

ဘီလီယံလေးရဲ့ မွေးနေ့မှာ ရိုက်ကူးခဲ့တဲ့ ပုံလေးတွေဖြစ်ကြောင်းလည်း “သမီးလေးယွန်းဘီလီယံမောင်ရဲ့မွေးနေ့ပွဲအမှတ်တရ” ဆိုပြီး ရေးသားထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ဘီလီယံလေးရဲ့ မွေးနေ့မှာရိုက်ကူးထားတဲ့ ဗီဗာဟိန်းတို့ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။

Source – ViVa Hein
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – ViVa Hein
Chilli – CeleZone