အီကြာကွေးလာပို့ပေးတဲ့ မမြတ်လေးကို ဖွဲ့ဖွဲ့နွဲ့နွဲ့စာစီပြီး ကျေးဇူးတင်စကားဆိုလိုက်တဲ့ စိုင်းစိုင်း

Posted on

ပျိုမေတို့ရဲ့အချစ်တော်စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီမနက်မှာ အနုပညာမောင်နှမဖြစ်သူ အေးမြတ်သူလာပို့ပေးတဲ့ အီကြာကွေးလေးစားပြီး ခမ်းခမ်းနားနားစာဖွဲ့ကာ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူတို့ နှစ်ဦးကတော့ ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်ထားသူတွေဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်တဲ့ ဝင်္ကပါလမ်းမများဇာတ်လမ်းတွဲမှာလည်း အတူတူတွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီနေ့မနက်မှာတော့ မမြတ်လေးက စိုင်းစိုင်းစားဖို့ အီကြာကွေးသွားပို့ပေးခဲ့ပြီး စိုင်းစိုင်းကတော့ ဖွဲ့ဖွဲ့နွ့ဲနွဲ့လေး စာစီလိုက်ပါတယ်။ ” ဒီမနက်ခင်း အီကြာကွေးကြော်ပြီး လာပို့ပေးသွားတဲ့ မင်းသမီးမမြတ်လေးဟာ လူတော့မဖြစ်နိုင် နတ်သမီးပဲ ဖြစ်ရမယ်… အီကြာကွေးကို လက်နဲ့ယူလိုက်တာနဲ့ ရလာတဲ့ ရနံ့ဟာ နှာခေါင်းကနေတဆင့် ဦးနှောက်ထဲက Glands တွေကို နှိုးဆွပါတယ် ကော်ဖီထဲကို နှစ်ပြီး လျှာပေါ်တင်လိုက်တဲ့အခါ တဒင်္ဂနတ်ပြည်ခရီးစဉ်ပါပဲ … ရုပ်ရှင်ထဲမှာဆိုရင် ခဏရပ်တန့်သွားပြီး ဧဒင်ဥယျာဉ်ထဲကို ရောက်သွားသလို ရိုက်ပြရမှာပါ…. ဦးခေါင်းထဲမှာ အရည်ကြည်လေးတွေစိမ့်ထွက်လာသလို ကြည်နူးမိပါတယ်… Endorphins ရတယ်ဆိုတာ ဒါမျိုးနေမှာပဲ…. ဗမာလိုပြောရင် နှလုံးပီတိ ဂွမ်းဆီထိပေါ့ “ဆိုပြီးရေးသားကာ မျှဝေခဲ့ပါတယ်။

စိုင်းစိုင်းကတော့ လူချစ်လူခင်ပေါသူဆိုတာ ယုံမှားသံသယဖြစ်ဖွယ်မရှိအောင် အီကြာကွေးလာပို့ပေးတဲ့သူ စိတ်ချမ်းသာအောင် ရင်ထဲကနေကို လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ကာ စာစီကုံးခဲ့တာပါ။ ပရိသတ်ကြီးရော စိုင်းစိုင်းရဲ့ အဖွဲ့အနွဲ့တွေကြောင့် မမြတ်လေးရဲ့အီကြာကွေးကို စားချင်သွားပြီမလား…

Source – Sai Sai Kham Leng
Ki Ki – Cele Zone