မွန်မြတ်လှတဲ့ အလှူဒါနလေး ပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

Posted on

ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်ရှေ့ကို စတင်ရောက်ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ Live Sale Queen တစ်ယောက်အနေနဲ့ အောင်မြင်နေတဲ့သူပါ။

နှိုင်းယှဉ်ကတော့ အလုပ်တွေအောင်မြင်လာတဲ့နောက်မှာတော့ အလှူအတန်းတွေကိုလည်း ရက်ရောစွာနဲ့ပြုလုပ်နေခဲ့ပါတယ်။ လစဉ်လတိုင်းမပြတ်လှူဒါန်းတဲ့အလှူတွေအပြင် ကြုံကြိုက်တဲ့အချိန်မှာလည်း သဒ္ဓါတရားထက်သန်စွာနဲ့ အလှူအတန်းကြီးတွေကိုလည်း ပြုလုပ်တတ်တာကြောင့် ပရိသတ်တွေက ချီးကျူးနေခဲ့ရပါသေးတယ်။

ဒီနေ့မှာလည်း နှိုင်းယှဉ်ကတော့ နဂါးရစ်တောင်ဆရာတော်ကြီးကို သိက္ခာထပ်ဖို့ အလှုငွေ 5သိန်း ၊ အလှု‌ 5 မျိုး အတွက် အလှုငွေ 5သိန်း၊ ထန်းတစ်ပင်ကျောင်း ဆောက်ဖို့ လစဉ် အလှုငွေ 10သိန်း စုစုပေါင်း သိန်းနှစ်ဆယ်ကျပ်ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ နှိုင်းယှဉ်တို့ရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Nhying Shin
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Nhying Shin
Chilli – CeleZone