ဖေဖေအောင်သူနဲ့ မေမေပိုးအိအိခန့်တို့ကို အသည်းတွေကြွေအောင်ခြွေနေတဲ့ သားလေးရဲ့ ဗီဒီယို

Posted on

ဖေဖေဘောလုံးသမားနဲ့ မေမေမင်းသမီးတို့ရဲ့ အလှအပတွေနဲ့ အရည်အချင်းတွေအားလုံးကို အမွေရထားတဲ့ ကိုးကိုးလေးတစ်ယောက် တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာခဲ့တာ အသက်ကိုးလကျော်လာခဲ့ပါပြီ။ မျက်စိရှေ့မှာတင်ပဲ အရွယ်ရောက်လာတဲ့သားလေးဟာ ပိုပိုပြီးချစ်ဖို့ကောင်းလာတာခဲ့ပါတယ်။ သားလေးကို ပိုင်ဆိုင်ပြီးနောက်ပိုင်းမှာ အနုပညာ အလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘဲ အိမ်မှာ နေရင်း သားလေးကိုပဲပြုစုနေခဲ့ပါတယ်။

မကြာခဏဆိုသလိုလည်း မိသားစုတွေ အပန်းဖြေခရီးထွက်ကြပြီး ပျော်စရာအချိန်လေးတွေကို အတူတူကုန်ဆုံးတတ်ပါတယ်။ ဒီနေ့မှာ လည်း မေမေပိုးအိတစ်ယောက် သားကိုးလေးရဲ့ အသည်းယားစရာ အခိုက်အတန့်လေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ အိပ်ယာနိုး တာတောင် ဇိမ်ခံနေတဲ့အလည်လေးကတော့ အားလုံးရဲ့အချစ်တွေကို ပိုပြီး သိမ်းပိုက်လိုက်ပြန်ပါပြီ။

သားလေးရဲ့ ချစ်စရာ ဗီဒီယိုလေးကို ” အိပ်တာနိုးနေပြီကို ဇိမ်ခံနေတော့ စတယ်လေ စတော့ သူက ရယ်တယ်လေ ” ဆိုပြီး ချစ်စနိုးလေးနဲ့ တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးရဲ့ အပြုံးတွေကလည်း ဖေဖေ မေမေတင်မက မြင်သူတိုင်းကို အချစ်ပိုစေခဲ့ တာတော့ အမှန်ပါပဲ။

Happy – Cele Zone
Photo – Poe Ei Ei Khant

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Poe Ei Ei Khant