သူမ ကိုယ်တိုင်လုပ်ကျွေးတဲ့ မုန့်တွေကို အားပါးတရ စားနေတဲ့ ကလေးတွေရဲ့ ဗီဒီယိုလေးကို ပီတိဖြစ်စွာ ဝေမျှလာတဲ့ ခိုင်နှင်းဝေ

Posted on

ခိုင်နှင်းဝေကတော့ ရင်သွေးလေးများဂေဟာနဲ့ မသန်စွမ်းပြည်သူများကို ခြေတုတပ်ဆင်ပေးခြင်းတွေ အမြဲပြုလုပ်ပေးနေတဲ့သူတစ်ဦးဖြစ်ပါတယ်။  သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။

ကလေးတွေရဲ့ ချစ်စရာ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုတွေ့ရပါတယ် ။ အခုလည်း သူမ ကိုယ်တိုင်လုပ်ကျွေးတဲ့ မုန့်တွေကို အားပါးတရ စားနေတဲ့ ကလေးတွေရဲ့ ဗီဒီယိုလေးကို ပီတိဖြစ်စွာ ဝေမျှလာပါတယ် ။ ဗီဒီယိုလေးထဲမှ ကလေးတွေ အကုန်လုံး ချစ်စရာကောင်းလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

-Zawgyi Font ဖြင့်ဖတ်ရန် – 


🥰🥰




Yuan – Cele Zone

Photo – Khine Hnin Wai