Stay Home ကာလတွေမှာ မိဘတွေနဲ့အတူ အိမ်သန့်ရှင်းရေးလုပ်ပေးနေတဲ့ ဇော်ပိုင်ရဲ့သားလေး ရွှေပိုင်

Posted on

စကားတစ်ခုအဆုံးသတ်တိုင်း ” ခင်ဗျာ ” ဆိုပြီး ရိုရိုသေသေပြောတတ်တဲ့ ဇော်ပိုင်ရဲ့သားလေး ကို ပရိသတ်တွေကလည်း ချစ်ခင် အားပေးကြပါတယ်။ စကာပြောချိုသာပြီး ယဉ်ကျေးတဲ့ ဒီကလေးလေးဟာ မိဘတွေအတွက် တကယ့်ကိုအားဖြစ်စေခဲ့ပါတယ်။ အခုလို အိမ်မှာပဲနေရတဲ့ ကာလတွေမှာ မိဘတွေနဲ့အတူတူ အိမ်သန့်ရှင်းလေးလုပ်ပေးနေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

ဖခင်ဖြစ်သူ ဇော်ပိုင်ဟာ အောင်မြင်တဲ့အဆိုတော် တစ်ယောက်ဖြစ်ပြီး သားလေးကလည်း ဖခင်ရဲ့ခြေရာကိုနင်းမလားဆိုတာတော့ အားလုံးကစောင့်မျှော်နေခဲ့ကြပါတယ်။ ငယ်စဉ် ကတည်းက ဇော်ပိုင်ရဲ့သီချင်းတွေနဲ့ကြီးပျင်းလာခဲ့တဲ့ဇော်ပိုင့်ပရိသတ်တွေကတော့ သာယာ ချိုအေးတဲ့ အသံရှင်ရဲ့သီချင်းတွေကို အလွတ်ရပြီး ခံစားနားဆင်နေတာ ယနေ့ထက်တိုင်ပါပဲ။

အိမ်သန့်ရှင်းရေးလုပ်ပေးနေတဲ့ဗီဒီယိုလေးကို ” အိမ်သန့်ရှင်းရေးတွေလည်း ကူညီပေးနေပါ တယ်ခင်ဗျာ ” ဆိုပြီး ဝေမျှခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ချစ်ခင်မှု မှတ်ချက်လေးတွေလည်း အများ အပြားရရှိခဲ့ပါတယ်။ အနေအေးတဲ့ပုံလေးနဲ့ ယဉ်ကျေးတဲ့ချစ်စရာ ကလေးလေးဟာ တစ်ချိန်မှာ တော့ ပရိသတ်တွေကိုဖျော်ဖြေတဲ့ ဂီတသမားဖြစ်လာလေမလားဆိုတာတော့ စောင့်မျှော်ရမှာပေါ့နော်။

Happy – Cele Zone
Photo – Shwe Paing

(ဇော်ဂျီဖြင့်ဖတ်ရန်)

Stay Home ကာလေတြမွာ မိဘေတြနဲ႔အတူ အိမ္သန္႔ရွင္းေရးလုပ္ေပးေနတဲ့ ေဇာ္ပိုင္ရဲ႕သားေလး ေ႐ႊပိုင္

စကားတစ္ခုအဆုံးသတ္တိုင္း ” ခင္ဗ်ာ ” ဆိုၿပီး ႐ို႐ိုေသေသေျပာတတ္တဲ့ ေဇာ္ပိုင္ရဲ႕သားေလး ကို ပရိသတ္ေတြကလည္း ခ်စ္ခင္အား ေပးၾကပါတယ္။ စကာေျပာခ်ိဳသာၿပီး ယဥ္ေက်းတဲ့ ဒီကေလးေလးဟာ မိဘေတြအတြက္ တကယ့္ကိုအားျဖစ္ေစခဲ့ပါတယ္။ အခုလို အိမ္မွာပဲေနရတဲ့ ကာလေတြမွာ မိဘေတြနဲ႔အတူတူ အိမ္သန႔္ရွင္းေလးလုပ္ေပးေနတဲ့ ဗီဒီယိုေလးကို လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။

ဖခင္ျဖစ္သူ ေဇာ္ပိုင္ဟာ ေအာင္ျမင္တဲ့အဆိုေတာ္ တစ္ေယာက္ျဖစ္ၿပီး သားေလးကလည္း ဖခင္ရဲ႕ေျခရာကိုနင္းမလား ဆိုတာေတာ့ အားလုံးကေစာင့္ေမွ်ာ္ေနခဲ့ၾကပါတယ္။ ငယ္စဥ္ ကတည္းက ေဇာ္ပိုင္ရဲ႕သီခ်င္းေတြနဲ႔ႀကီးပ်င္းလာခဲ့တဲ့ ေဇာ္ပိုင့္ပရိသတ္ေတြကေတာ့ သာယာ ခ်ိဳေအးတဲ့ အသံရွင္ရဲ႕သီခ်င္းေတြကို အလြတ္ရၿပီး ခံစားနားဆင္ေနတာ ယေန႔ ထက္တိုင္ပါပဲ။

အိမ္သန႔္ရွင္းေရးလုပ္ေပးေနတဲ့ဗီဒီယိုေလးကို ” အိမ္သန႔္ရွင္းေရးေတြလည္း ကူညီေပးေနပါ တယ္ခင္ဗ်ာ ” ဆိုၿပီး ေဝမွ်ခဲ့ ၿပီးေနာက္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈ မွတ္ခ်က္ေလးေတြလည္း အမ်ား အျပားရရွိခဲ့ပါတယ္။ အေနေအးတဲ့ပုံေလးနဲ႔ ယဥ္ေက်း တဲ့ခ်စ္စရာကေလးေလးဟာ တစ္ခ်ိန္မွာ ေတာ့ ပရိသတ္ေတြကိုေဖ်ာ္ေျဖတဲ့ ဂီတသမားျဖစ္လာေလမလားဆိုတာေတာ့ ေစာင့္ေမွ်ာ္ရမွာေပါ့ေနာ္။

Happy – Cele Zone
Photo – Shwe Paing