ဘုရားတရားကိုင်းရှိုင်းပြီး မေမေ့ကိုလည်း ကူညီပေးတတ်တဲ့သားလေးကြောင့် စိတ်ချမ်းသာနေရတဲ့ မယ်လိုဒီ

Posted on

လိမ္မာလွန်းတဲ့သားလေး သိဒ္ဓိစစ်ကြောင့် မေမေ မယ်လိုဒီတစ်ယောက် စိတ်ချမ်းသာနေရပါ တယ်။ အိမ်ခါနီးရင်တောင် အမေကို ပဌာန်းရွတ်ပြခိုင်းပြီး တရားနာပြီးမှ အိပ်တတ်တဲ့ သူတော် ကောင်းလေးကြောင့် မေမေက နေ့ရက်တိုင်းစိတ်ချမ်းသာလို့နေပါတယ်။ မေမေ့ကိုလည်း အရမ်းကပ်ပြီး ဘယ်သွားသွားလိုက်ကာ ရှုတင်မှာ အဝတ်လဲဖို့ကိုတောင် အတင်းဖက်ထားတဲ့ သားလေးကြောင့် မေမေက ကြည်နူးမဆုံးပါပဲ။

ဒီနေ့မှာလည်း မေမေကဟင်းချက်နေတာကို သားလေးက တတ်သလောက်လေးကူညီနေတဲ့ ဗီဒီယိုလေးကို ” မေမေ့ကို ကူညီတတ်သော သားလေးသိဒ္ဓိစစ် ” ဆိုပြီး မယ်လိုဒီက လူမှုကွန်ရက် ပေါ်မှာ ဝေမျှထားတာပဲဖြစ်ပါတယ်။ အမေနားကပ်ပြီး အမေ့ကိုစိတ်ချမ်းသာ အောင်ထားတဲ့ သားလိမ္မာလေးကိုရထားတော့ မေမေက ပျော်ပြီးရင်ပျော်ပေါ့နော်။

အမေနဲ့တူပြီး လိမ္မာအေးချမ်းတဲ့သားလေးက မေမေဘယ်သွားသွား တကောက်ကောက် လိုက်ချင်သူလေးပါ။ မေမေကလည်း ချစ်လွန်း တော့ ခေါ်သွားလို့ရတဲ့နေရာတိုင်းကိုခေါ်သွားပြီး သားမိနှစ်ယောက် အမြဲတတွဲတွဲပါပဲ။ လက်ရှိ Stay Home ကာလတွေမှာတောင် မေမေ့ရဲ့ အိမ်မှုကိစ္စတွေကိုကူပေးတဲ့သားလေးကြောင့် မေမေကတော့ ပျော်ပြီးရင်းပျော်ပါပဲ။

Happy – Cele Zone
Photo – Meloday Myo

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Meloday Myo