ညီမလေးဆိုင်သွားထိုင်ပြီးနောက်မှာ စားသောက်ဆိုင်လေးဖွင့်ဖို့ဆုံးဖြတ်ခဲ့တဲ့ ခင်လှိုင်

Posted on

အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်စဲ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ခင်လှိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရပ်တည်နေသူပါ။ နယ်ပယ်နှစ်ခုစလုံးမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပေမယ့်လည်း အနာဂတ်စီမံကိန်းအနေနဲ့ နောင်တချိန်အလုပ်မရှိတော့ရင် စိတ်ဓာတ်မကျအောင် စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်သွားမယ်လို့ ဆိုပါတယ်။

သူကတော့ အစားအသောက်တွေချက်ပြုတ်ရာမှာလည်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အလုပ်အားတိုင်းလည်း ဟင်းနဲ့မုန့်မျိုးစုံကို အိမ်ကလူတွေအတွက် ကိုယ်တိုင်ချက်ကျွေးလေ့ရှိသူပါ။ အခုလို အလုပ်မရှိတဲ့ကာလမှာတော့ သူကိုယ်တိုင်လည်းပျင်းနေတဲ့အတွက် စပါယ်ရှယ်ဟင်းလျာတွေကို ကိုယ်တိုင်ချက်၊ ကိုယ်တိုင်ပို့ ရောင်းချပေးသွားမယ်လို့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် အလုပ်မရှိရင်လုံးဝမနေတတ်သူမို့ အလုပ်အားရက်လေးမှာလည်း ညီမလေးဆိုင်မှာ ကောင်တာထိုင်၊ စားပွဲထိုး၊ ချက်ပြုတ်ရင်း နေရတာလေးကို သဘောကျတာကြောင့် နောင်တချိန်အလုပ်တွေရှားပါးလာရင် စိတ်ဓာတ်မကျအောင် စားသောက်ဆိုင်လေးဖွင့်သွားမယ်လို့ သိရပါတယ်။ ဟင်းလျာတွေကိုလည်း သူများနဲ့မတူထူးခြားတဲ့ ဖန်တီးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး အညာဒေသအစားအစာလေးတွေလည်း ရောင်းချသွားမယ်လို့ သိရပါတယ်။


Source – Cele Gabar’Video
Ki Ki – Cele Zone