လူတွေ့ရှေ့မှာပဲ လင်းလင်းကို ချစ်သူဖြစ်ဖို့ခွင့်တောင်းလိုက်တဲ့ ကျော်ထက်အောင်ရဲ့ ဗီဒီယို

Posted on

ရုပ်ချောအပြောကောင်းတဲ့ Myanmar Idol ရဲ့ ပင်တိုင် Presenter လေး ကျော်ထက်အောင် တစ်ယောက် Tik Tok ကစားနေပါပြီ ပရိသတ်ကြီးရေ။ Tik Tok မှာ မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောတဲ့ပုံစံလေးနဲ့သရုပ်ဆောင်ထားပြီး ဒီ Tik Tok ကို တွဲဆော့သူတွေလည်း အများအပြားရှိခဲ့ပြီး ဒီထဲမှာ မိတ်ကပ်လင်းလင်လည်းပါဝင်ခဲ့ပါတယ်။

မိန်းမလျာတစ်ယောက်ဖြစ်ပေမယ့် အမျိုးသမီးအစစ်တွေထက်တောင် လှလွန်းနေပါတယ်။ ကျစ်လျစ်တဲ့ခန္ဓာကိုယ်လေးနဲ့ ချောမောတဲ့ ရုပ်ရည်လေးဟာ စွဲဆောင်မှုပိုလွန်းနေပါတယ်။ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်လို့ ကိုယ်တိုင်ရဲ့အလှအပကိုလည်း ဂရုစိုက်ပြီး သေချာလေး ပြုပြင်တာကြောင့် လှသထက်ပိုလှနေသူလေးပါ။

ကျော်ထက်အောင်နဲ့အတူတွဲဆော့ထားတဲ့ Tik Tok လေးကို ” အမွှေပေါ့ ” ဆိုပြီး ခပ်နောက်နောက်လေး တင်ထားတာပဲဖြစ်ပါတယ်။ ပီပြင်ပိုင်နိုင်လွန်းတဲ့ နှစ်ယောက်သားရဲ့ သရုပ်ဆောင်ချက်တွေဟာ မသိရင် တကယ်အပြင်မှာပဲ မျက်နှာချင်းဆိုင်ပြောနေသလားတောင် ထင်မိပါရဲ့။

Happy – Cele Zone
Photo – Lin Linn

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Lin Linn