အားလုံးမျှော်လင့်ထားသလို ဖြစ်လာခဲ့တဲ့ အဆိုတော်ဇော်ဝင်းထွဋ်ရဲ့ ရောဂါစစ်ဆေးမှုရလဒ်

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက အမရာစင်တာမှာ Quarantine ဝင်နေရတဲ့ ဦးညီထွဋ်နဲ့ တခြားသူတွေအားလုံးရဲ့ ရောဂါစစ်ဆေးမှု ရလဒ်အဖြေဟာ (Negative) (မရှိပါ) ဆိုပြီး အဖြေထွက်လာခဲ့ပါတယ်။ အားလုံးကလည်း ဒီလိုဖြစ်ဖို့မျှော်လင့်ပြီး ဆုတောင်းခဲ့ကြတာမို့ ဆုတောင်းတွေပြည့်သွားခဲ့တာပေါ့နော်။

ရောဂါရှိသူနဲ့ တစ်ဝိုင်းတည်းအတူတူထိုင်မိတာကြောင့် အားလုံးလည်းသံသယကင်းအောင်နဲ့ ကိုယ်တိုင်လည်းစိတ်ရှင်းသွားအောင် Quarantine ဝင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ အဖြေကို အားလုံးရှင်းရှင်းလင်းလင်းသိရပြီမို့ ပျော်စရာကြီးပေါ့နော်။ မိသားစုဝင်တွေ မပါဘဲ တစ်ယောက်တည်း Q ဝင်သွားတဲ့ အားလုံးချစ်တဲ့ Rocker ကြီးဟာ ကျန်းကျန်းမာမာနဲ့ နေအိမ်ကိုပြန်လာခဲ့ပါပြီ။

ဒီလိုဝမ်းသာစရာသတင်းလေးကို ဦးညီထွဋ်ရဲ့ဇနီးဖြစ်သူက ” အမရာ Quarantine Center ကအားလုံး All NEGATIVE ပါ အားလုံး Negative ဆိုလို့ထပ်ဆင့်ဝမ်းသာရတယ် ဒီမှာတူတူ ရှိနေတဲ့ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေအတွက်ရော အိမ်သာရေချိုးခန်းအများသုံး ဆိုတော့ ဒီလာမိမှ ကိုယ့်ကိုပိုးကူးမှာလားစိတ်ထင့်နေရတာအတွက်ရောပေါ့ ” ဆိုပြီး ဝေမျှခဲ့တာဖြစ်ပါတယ်။ အားလုံးကလည်း မိသားစုနဲ့ထပ်တူပျော်ရွှင်နေကြပါတယ်။

Happy – Cele Zone
Photo – Zaw Win Htut

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Zaw Win Htut