မွေးနေ့မှာ ပရိသတ်တွေကိုပျော်ရွှင်မှုတွေမျှဝေလာတဲ့ ဖြူဖြူကျော်သိန်း

Posted on

ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် လူတိုင်းလိုလိုသိကြမှာပါ။ ဖြူဖြူကတော့ အသံပါဝါကောင်းကောင်းနဲ့သီချင်းကောင်းများစွာကို သီဆိုပြီးပရိသတ်ရင်ထဲရောက်အောင်လုပ်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အမိုက်စား Performance တွေနဲ့တင်တင်ဆက်လေ့ရှိတာတလည်း ထူးခြားမှုတစ်ခုပါပဲ။


ပရိသတ်အချစ်တော်ဖြူဖြူကတော့ ဒီနေ့မှာ အသက် (၃၉) နှစ်ပြည့်သွားခဲ့ပါပြီ။ နုပျိုလှပပြီးအရွယ်တင်တဲ့ ဖြူဖြူကတော့ အသက်နဲ့အလိုက်အောင်နုပျိုနေတာကတော့ တကယ့်ကိုအံ့သြစရာပါ။ သူ့ရဲ့ဖေ့ဘွတ်မှာတော့ “အရမ်းပျော်ရတဲ့မွေးနေ့တစ်ခုပေါ့။အိမ်ထဲမှာပဲနေရပြီးဒီလောက်ပျော်ရမယ်လို့တစ်ခါမှမထင်ခဲ့မိဘူး။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းသလို…အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ဘပုံလေးတွေကအိမ်ဝင်းထဲမှာပဲရိုက်ထားတာပါ။ စိတ်မပူကြနဲ့နော်”လို့ ဆိုထားတာပါ။


ဖြူဖြူကတော့ အောင်မြင်တဲ့အဆိုတော်ဖြစ်သလို ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ အဘက်ဘက်မှာထူးချွန်တဲ့ဖြူဖြူကိုတော့ ပရိသတ်တွေက မပျက်မကွက်မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ်။ မွေးနေ့မှစပြီး ပရိသတ်အချစ်တွေများစွာရရှိပြီး အောင်မြင်မှုတွေလည်းပိုမိုရရှိပါစေ ဖြူဖြူရေ…
Source : phyuphyukyawthein
Anna – CeleGabar