သားဖြစ်သူရဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုလိုက်လုပ်ရင်း ခြေကုန်လက်ပန်းကျနေရတဲ့ ဦးခင်လှိုင်

Posted on

လူတိုင်း Stay Home နေကြတဲ့ကာလဆိုတော့ အိမ်မှာပဲ အိပ်လိုက်စားလိုက်လုပ်နေရင်းနဲ့ ကိုယ်အလေးချိန်တွေ ပိုပြီးတိုးလာကြတာ တော့ အမှန်ပါပဲနော်။ ကျန်းမာရေးလိုက်စားပြီး အားကစားပုံမှန်လုပ်ဖြစ်သူတွေအနေနဲ့ကတော့ ကိုယ်အလေးချိန်တိုးလာတာကို လျော့ချ ဖို့ အတွက် အရင်လို အားကစားတွေပြန်လုပ်ကြပါတယ်။ ဒီထဲမှာ ဦးခင်လှိုင်ရဲ့သားချောလေး နေရဲလည်းအပါအဝင်ပါ။

ကိုယ်တိုင်အားကစားလုပ်ရုံတင်အားမရလို့ ဖခင်ဖြစ်သူ ဦးခင်လှိုင်ကိုပါ အတူတူလုပ်ခိုင်းပြီး နှစ်ယောက်သား အားကစားလုပ်နေတဲ့ ပုံရိပ်တွေကို ” သင်တန်းသား အသစ်ကို train ပေး နေတာ သားဖ နှစ်ယောက် ဆော့ကြသည် (မဆော့လို့မရတော့ဘူး) ” ဆိုပြီး လူမှု ကွန်ရက်မှာ ဝေမျှလိုက် တာပဲ ဖြစ်ပါတယ်။

 

ဒီပုံတွေထဲက တစ်ပုံမှာတော့ ဦးခင်လှိုင်တစ်ယောက် လေ့ကျင့်ခန်းလုပ်ရလို့ မျက်နှာရှုံ့မဲ့နေတဲ့ ပုံရိပ်တစ်ခုဟာ ပရိသတ်တွေကို ပွဲကျစေ ခဲ့ပါတယ်။ တကယ်လည်းပင်ပန်းနေတဲ့ပုံပါပဲ။ ပြင်းထန်တဲ့လေ့ကျင်းခန်းတွေလုပ်တိုင်း မောပန်းလွန်းတဲ့ဒဏ်ကရော ခံရစမြဲပါပဲ။ သားဖြစ်သူ ရဲ့ Post ကို ပြန် Share ထားပြီး ” အောင်မယ်ငှီး အသာမောင်းပါ ဆရာလေးရယ် ” လို့တောင် ဦးခင်လှိုင်က နောက်ပြောင်ခဲ့ ပါသေးတယ်။

Happy – Cele Zone
Photo – Nay Ye

(ဇော်ဂျီဖြင့်ဖတ်ရန်)

သားျဖစ္သူရဲ႕ ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြကိုလိုက္လုပ္ရင္း ေျခကုန္လက္ပန္းက်ေနရတဲ့ ဦးခင္လႈိင္

လူတိုင္း Stay Home ေနၾကတဲ့ကာလဆိုေတာ့ အိမ္မွာပဲ အိပ္လိုက္စားလိုက္လုပ္ေနရင္းနဲ႔ ကိုယ္အေလးခ်ိန္ေတြ ပိုၿပီးတိုးလာၾက တာေတာ့ အမွန္ပါပဲေနာ္။ က်န္းမာေရးလိုက္စားၿပီး အားကစားပုံမွန္လုပ္ျဖစ္သူေတြအေနနဲ႔ကေတာ့ ကိုယ္အေလးခ်ိန္တိုးလာတာကို ေလ်ာ့ခ်ဖို႔ အတြက္ အရင္လို အားကစားေတြျပန္လုပ္ၾကပါတယ္။ ဒီထဲမွာ ဦးခင္လႈိင္ရဲ႕သားေခ်ာေလး ေနရဲလည္းအပါအဝင္ပါ။

ကိုယ္တိုင္အားကစားလုပ္႐ုံတင္အားမရလို႔ ဖခင္ျဖစ္သူ ဦးခင္လႈိင္ကိုပါ အတူတူလုပ္ခိုင္းၿပီး ႏွစ္ေယာက္သား အားကစားလုပ္ေနတဲ့ပုံရိပ္ ေတြကို ” သင္တန္းသား အသစ္ကို train ေပး ေနတာ သားဖ ႏွစ္ေယာက္ ေဆာ့ၾကသည္ (မေဆာ့လို႔မရေတာ့ဘူး) ” ဆိုၿပီး လူမႈကြန္ရက္မွာ ေဝမွ်လိုက္ တာပဲ ျဖစ္ပါတယ္။

ဒီပုံေတြထဲက တစ္ပုံမွာေတာ့ ဦးခင္လႈိင္တစ္ေယာက္ ေလ့က်င့္ခန္းလုပ္ရလို႔ မ်က္ႏွာရႈံ႕မဲ့ေနတဲ့ ပုံရိပ္တစ္ခုဟာ ပရိသတ္ေတြကို ပြဲက်ေစခဲ့ပါတယ္။ တကယ္လည္းပင္ပန္းေနတဲ့ပုံပါပဲ။ ျပင္းထန္တဲ့ေလ့က်င္းခန္းေတြလုပ္တိုင္း ေမာပန္းလြန္းတဲ့ဒဏ္ကေရာ ခံရစၿမဲပါပဲ။ သားျဖစ္သူ ရဲ႕ Post ကို ျပန္ Share ထားၿပီး ” ေအာင္မယ္ငွီး အသာေမာင္းပါ ဆရာေလးရယ္ ” လို႔ေတာင္ ဦးခင္လႈိင္က ေနာက္ေျပာင္ခဲ့ပါေသးတယ္။

Happy – Cele Zone
Photo – Nay Ye