ကျစ်လျစ်ပြီး လှပလွန်းနေတဲ့ ခန္ဓာကိုယ်လေးကို စည်းချက်ညီညီလှုပ်ယမ်းကာ Zumbaကနေတဲ့ စမိုင်းလ်ရဲ့ဗီဒီယိုဖိုင်

Posted on

အနုပညာလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်သူတစ်ယာက်ဖြစ်ပြီး တော့ ဝါရင့် အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ စမိုင်းဟာ အားလုံးရဲ့အချစ်တော်တစ်ယောက်ပါပဲနော်။ အဓိကတော့ သူမရဲ သွယ်လျလှပလွန်းလှတဲ့ ခန္ဓာကိုယ်လှလှလေးကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားကျချစ်ခင်ခြင်းကိုတစ်ခဲနက်ရရှိပိုင်ဆိုင်ထားခဲ့ရပါတယ်နော်။

သူမဟာ ချစ်စရာကောင်းတဲ့ကလေးနှစ်ယောက်ကို မွေးဖွားပေးခဲ့တဲ့ မိခင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကလေးနှစ်ယောက်ကို မွေးဖွားပြီးခဲ့တဲ့ အချိန်မှာတော့ သူမဟာ အရမ်းပဲ ဝလွန်းခဲ့ပါတယ်နော်။ ဒါပေမယ့် အခုအချိန်မှာဆိုရင်တော့ ကလေးနှစ်ယောက်မိခင်လို့ကိုမထင်ရလောက်အောင် ကျစ်လျစ်သွယ်လျှပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားခဲ့ရပါတယ်နော်။ ဒါတွေကတော့ သူမကျန်းမာရေးလိုက်စားပြီး အားကစားတွေလုပ်ခဲ့တဲ့ အကျိုးတွေပဲဖြစ်ပါတယ်နော်။

 

အခုတစ်ခါမှာလည်းသူမဟာ Gymကစားရုံသာမကပဲ ခန္ဓာကိုယ် ကျန်းမာ လှပဖို့အတွက် Zumbaအကလေးကိုပါ ကရင်းလေ့ကျင့်လို့နေခဲ့ပါတယ်နော်။ စည်းချက်နဲ့ညီညာစွာ ယိမ့်နွဲ့ပြီးတော့ ခပ်မိမိကကွက်လေးတစ်ချို့နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းနေတဲ့ စမိုင်းလ်ကတော့ တစ်နေ့တစ်ခြားပိုပြီးတောင်လှလှလာသလိုပါပဲနော်။ ကဲ… သူမကိုယ်တိုင် ရိုက်ထားပြီးတော့ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်လှလှလေးရဖို့ Zumbaလေ့ကျင့်နေတဲ့ စမိုင်းလ်ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:စမိုင်းလ် (Smile)

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)




