အိမ်မှာကပ်နေတဲ့ တောက်တဲ့ကိုကြောက်လို့ အခန်းထဲမှာ ကလေးတစ်ယောက်လိုငိုနေတဲ့ မအေးသောင်း
Posted on
အပျိုကြီးမအေးသောင်းတို့ကတော့ ဘယ်လိုနေနေကိုချစ်ဖို့ကောင်းနေတော့တာပါပဲ ပရိသတ်ကြီးရေ။ တည်ငြိမ်ရင့်ကျက်တဲ့ မမတစ်ယောက်ရဲ့ အသွင်အပြင်နဲ့လည်း လိုက်ဖက်ပြီး ချစ်ဖို့ကောင်းတဲ့ကလေးတစ်ယောက်လို ပြုမူတဲ့အချိန်မှာလည်း အသည်းယားစရာကောင်းလွန်း နေပါတယ်။ ဒီတစ်ခေါက်မှာတော့ ညီမလေးဆွိဝတ်ရည်သောင်းရဲ့ ဆေးထိုးခြင်းကို ခံလိုက်ရတာပါ။
အိမ်မှာကပ်နေတဲ့တောက်တဲ့ကြီးကိုတော့ လူတိုင်းနီးပါး အရင်ကြောက်ကြမှာပါ။ မအေးသောင်း တို့အိမ်မှာလည်း တောက်တဲ့ တစ်ကောင်ကပ်နေတဲ့အခါမှာ ညီမဖြစ်သူ ဆွိဝတ်ရည်သောင်းက ရောင်းစားမယ်ဆိုပြီး စနောက်နေတဲ့အချိန်မှာတောင် မအေးသောင်း တစ်ယောက် ဒီတောက်တဲ့ ကိုကြောက်ပြီး အခန်းထဲမှာ ကလေးတစ်ယောက်လို ငိုနေခဲ့တာပါ။
ချစ်ဖို့ကောင်းတာက အသက်အရွယ်နဲ့မဆိုင်ဘူးဆိုတဲ့စကားကို မအေးသောင်းက သက်သေပြ သွားသလိုပါပဲ။ အမဖြစ်သူကို စနောက် ထားတဲ့ဗီဒီယိုလေး တင်လိုက်တဲ့အချိန်မှာတော့ မအေးသောင်းတစ်ယောက် ” အိုင်ဟိတ်ထယူးဆိုးမက်ချ် ဆွိ ” ဆိုပြီး မှတ်ချက်ဝင်ပေးခဲ့ ပါသေး တယ်။ အပျိုကြီးတစ်ယောက် ဘယ်လိုတွေချစ်စရာကောင်းနေလဲဆိုတာ ဗီဒီယိုလေးနဲ့ ဖော်ပြပေးလိုက်တယ်နော်။
Happy – Cele Zone
Photo – Aye Thaung
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Aye Thaung