ကမ္ဘာကျော်အဆိုတော် Matisyahu ရဲ့ One Day သီချင်းကို ဂစ်တာတစ်လက်နဲ့ ပိုင်ပိုင်နိုင်နိုင် ဆိုပြသွားတဲ့ ပိုပို

Posted on

အားလုံး Home Stay နေချိန်မှာ အနုပညာရှင်တွေကလည်း ကိုယ်တတ်နိုင်တဲ့အပိုင်းကနေ ပရိသတ်တွေကို ဖျော်ဖြေမှုတွေလုပ်နေခဲ့ ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပိုပိုက ဂီတလောကသားဖြစ်တာကြောင့် ရင်ထဲကနေချစ်မြတ်နိုးပြီး ဝါသနာပါလွန်းတဲ့ သံစဉ်တွေကို ဂစ်တာတစ်လက်နဲ့ ပရိသတ်တွေကိုဖျော်ဖြေခဲ့ပါတယ်။ အိမ်မှာနေရတဲ့ ပရိသတ်တွေလည်း ပိုပို့ရဲ့အသံလေးကြောင့် ပျင်းမနေရတော့ဘူး ပေါ့နော်။

ပိုပိုဆိုပြတဲ့သီချင်းလေးက အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ အဆိုတော် Matisyahu ရဲ့ အရမ်းကိုအောင်မြင်ခဲ့တဲ့ ” One Day ” ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ အဆိုတော်တွေဆိုတာ သီချင်းဆိုနေရရင် ဘဝကြီးကပြီးပြည့်စုံနေပြီလို့ ခံစားရသူတွေဆိုလည်း မမှားပါဘူး။ ကိုယ်မြတ်နိုးတဲ့ဂီတတွေကြားထဲမှာ ဘဝကြီးကိုမြှပ်နှံရဲကြတာလည်း တော်ရုံသတ္တိမဟုတ်ဘူး နော်။

ပိုပိုတစ်ယောက် အရင်ကလည်း Cover Song လေးတွေ ဆိုနေကျဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ သူမရဲ့သီဆိုမှုလေးကို ” စိတ်ပါတုန်း လေး One Day သီချင်းကို ကြိုက်လို့ Cover လုပ်ဆိုထား တယ် ” ဆိုပြီး ဗီဒီယိုလေးနဲ့တကွ ဝေမျှထားတာပဲဖြစ်ပါတယ်။ ဘာသီချင်းပဲ ဆိုဆို နားထောင်လို့ကောင်းပြီး ရင်ထဲထိရောက်တဲ့ပိုပို့ရဲ့ သံစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Po Po

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကမၻာေက်ာ္အဆိုေတာ္ Matisyahu ရဲ႕ One Day သီခ်င္းကို ဂစ္တာတစ္လက္နဲ႔ ပိုင္ပိုင္နိုင္ႏိုင္ ဆိုျပသြားတဲ့ ပိုပို

အားလံုး Home Stay ေနခ်ိန္မွာ အႏုပညာရွင္ေတြကလည္း ကိုယ္တတ္ႏိုင္တဲ့အပိုင္းကေန ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈ ေတြလုပ္ေနခဲ့ပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ပိုပိုက ဂီတေလာကသားျဖစ္တာေၾကာင့္ ရင္ထဲကေနခ်စ္ျမတ္ႏိုးျပီး ဝါသနာပါလြန္းတဲ့ သံစဥ္ေတြကို ဂစ္တာတစ္လက္နဲ႔ ပရိသတ္ေတြကိုေဖ်ာ္ေျဖခဲ့ပါတယ္။ အိမ္မွာေနရတဲ့ ပရိသတ္ေတြလည္း ပိုပို႔ရဲ႕အသံေလးေၾကာင့္ ပ်င္းမေနရေတာ့ဘူးေပါ့ေနာ္။

ပိုပိုဆိုျပတဲ့သီခ်င္းေလးက အားလံုးရင္းႏွီးျပီးသားျဖစ္မွာပါ။ အဆိုေတာ္ Matisyahu ရဲ႕ အရမ္းကိုေအာင္ျမင္ခဲ့တဲ့ ” One Day ” ဆိုတဲ့ သီခ်င္းေလးပဲျဖစ္ပါတယ္။ အဆိုေတာ္ေတြဆိုတာ သီခ်င္းဆိုေနရရင္ ဘဝၾကီးကျပီးျပည့္စံုေနျပီလို႔ ခံစားရသူေတြဆိုလည္း မမွားပါဘူး။ ကိုယ္ျမတ္ႏိုးတဲ့ဂီတေတြၾကားထဲမွာ ဘဝၾကီးကိုျမွပ္ႏွံရဲၾကတာလည္း ေတာ္ရံုသတၱိမဟုတ္ဘူး ေနာ္။

ပိုပိုတစ္ေယာက္ အရင္ကလည္း Cover Song ေလးေတြ ဆိုေနက်ျဖစ္ျပီး ဒီတစ္ေခါက္မွာေတာ့ သူမရဲ႕သီဆိုမႈေလးကို ” စိတ္ပါတုန္းေလး One Day သီခၽင္းကို ႀကိဳက္လို႔ Cover လုပ္ဆိုထား တယ္ ” ဆိုျပီး ဗီဒီယိုေလးနဲ႔တကြ ေဝမွ်ထားတာပဲ ျဖစ္ပါတယ္။ ဘာသီခ်င္းပဲဆိုဆို နားေထာင္လို႔ေကာင္းျပီး ရင္ထဲထိေရာက္တဲ့ပိုပို႔ရဲ႕ သံစဥ္ေလးကို တင္ဆက္ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – Po Po