ကင်ဆာရောဂါသည်တွေ အဓိကထားသောက်သုံးသင့်တဲ့ဆေးတစ်မျိုးကို လမ်းညွှန်းလိုက်တဲ့ မီးမီးခဲ

Posted on

ရင်သားကင်ဆာအဆင့် (၄) ကိုခံစားနေရပြီး ပုံမှန်ဆေးစစ်မှုတွေလုပ်နေရတဲ့ မီးမီးခဲ တစ်ယောက် စစ်ဆေးနေစဉ်မှာပဲ ဦးခေါင်းခွံ နောက်ဖက်မှာ ကင်ဆာအကြိတ်ထပ်မံတွေ့ရှိခဲ့ပြီး အခုတော့ သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဘယ်ဖက် နံရိုးမှာ ကင်ဆာဆဲလ်တွေထပ်မံတွေ့ရှိခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ မီးမီးခဲက သူမလိုမျိုး ကင်ဆာ ဝေဒနာခံစားနေရသူတွေအတွက် အကောင်းဆုံး ဆေးလေးတစ်မျိုးကိုညွှန်ပေးခဲ့ပါတယ်။

” မနက်ဖြန်မှာ (၃) လတခါ ဆေးပြန်စစ်ရတော့မှာပါ ဆုတောင်းသတိရပေးကြပါနော် ကျွန်မလဲ ဒီအတောအတွင်း အမှန်အတိုင်းပြောရင် သိပ်နေမကောင်းပါ ကင်ဆာဝေဒနာရဲ့ ဘေးထွက် ဆိုးကျိုးကို ဖိဖိစီးစီး ခံစားနေရတာ ဖြစ်ပါတယ် ဆေးဒဏ်တွေကြောင့် ကိုက်ခဲခြင်း ဝေဒနာ ကို ညဘက်တွေမှာတောင် အိပ်ရေးပျက်ပေါင်းများစွာနဲ့ပေါ့ ဒါ့ကြောင့် facebook မသုံး ဖြစ်တာပါ.. ”

” ဒါ့နဲ့ကြားဖြတ် ကျွန်မရဲ့အထူးကုဆီဖုန်းဆက်မေးတော့ သူက ဘာဆေးပေးတယ်မှတ်လဲ ဝမ်းပျော့ဆေးကိုသာပေးပါတယ် ပထမတော့ လူက ဘာလဲပေါ့နော် နောက်တော့ သူပေးတဲ့ ဆေးမုန့်ထုတ်ကို (၃) ရက်လောက်သောက်ပြီးချိန်မှာတော့ သက်သာပြီး ကိုက်ခဲမှု လျော့သွားခဲ့တာပါ ကျွန်မမျှဝေချင်တာလေးက ကင်ဆာရောဂါသည်တိုင်း ဝမ်းပုံမှန်သွားရပါမယ် တစ်နေ့ကို ဝမ်းထဲမှာရှိတဲ့ ဝမ်းအကုန် အစင်သွားရင်တော့ဖြင့် ကိုက်ခဲခြင်းတွေလျော့ပါးသွားမှာပါလို့ ထပ်ဆင့်မျှဝေပေးချင်ပါတယ် မနက်ဖြန်အတွက်လဲ သတိတရဆုတောင်း ပေးကြပါနော် မိတ်ဆွေများလဲ ရောဂါ များကင်းဝေးကြပါစေ God Bless You. ” ဆိုပြီး ဝေမျှထားတာပဲ ဖြစ်ပါတယ်။ အမြန်ဆုံး သက်သာကျန်းမာပါစေ။

Happy – Cele Zone
Photo – The Real Mee Mee Khel

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကင္ဆာေရာဂါသည္ေတြ အဓိကထားေသာက္သုံးသင့္တဲ့ေဆးတစ္မ်ိဳးကို လမ္းၫႊန္လိုက္တဲ့ မီးမီးခဲ

ရင္သားကင္ဆာအဆင့္ (၄) ကိုခံစားေနရျပီး ပံုမွန္ေဆးစစ္မႈေတြလုပ္ေနရတဲ့ မီးမီးခဲ တစ္ေယာက္ စစ္ေဆးေနစဥ္မွာပဲ ဦးေခါင္း ခြံေနာက္ဖက္မွာ ကင္ဆာအၾကိတ္ထပ္မံေတြ႕ရွိခဲ့ျပီး အခုေတာ့ သက္သာေပ်ာက္ကင္းသြားခဲ့ျပီျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ ဘယ္ဖ က္နံရိုးမွာ ကင္ဆာဆဲလ္ေတြထပ္မံေတြ႕ရွိခဲ့ပါေသးတယ္။ ဒီေန႔မွာေတာ့ မီးမီးခဲက သူမလိုမ်ိဳး ကင္ဆာ ေဝဒနာခံစားေနရသူ ေတြအတြက္ အေကာင္းဆံုး ေဆးေလးတစ္မ်ိဳးကိုညႊန္ေပးခဲ့ပါတယ္။

” မနက္ျဖန္မွာ (၃) လတခါ ေဆးျပန္စစ္ရေတာ့မွာပါ ဆုေတာင္းသတိရေပးၾကပါေနာ္ ကြၽန္မလဲ ဒီအေတာအတြင္း အမွန္အ တိုင္းေျပာရင္ သိပ္ေနမေကာင္းပါ ကင္ဆာေဝဒနာရဲ႕ ေဘးထြက္ ဆိုးက်ိဳးကို ဖိဖိစီးစီး ခံစားေနရတာ ျဖစ္ပါတယ္ ေဆးဒဏ္ ေတြေၾကာင့္ ကိုက္ခဲျခင္း ေဝဒနာ ကို ညဘက္ေတြမွာေတာင္ အိပ္ေရးပ်က္ေပါင္းမ်ားစြာနဲ႔ေပါ့ ဒါ့ေၾကာင့္ facebook မသုံး ျဖစ္တာပါ.. ”

” ဒါ့နဲ႔ၾကားျဖတ္ ကြၽန္မရဲ႕အထူးကုဆီဖုန္းဆက္ေမးေတာ့ သူက ဘာေဆးေပးတယ္မွတ္လဲ ဝမ္းေပ်ာ့ေဆးကိုသာ ေပးပါတယ္ ပထမေတာ့ လူက ဘာလဲေပါ့ေနာ္ ေနာက္ေတာ့ သူေပးတဲ့ ေဆးမုန႔္ထုတ္ကို (၃) ရက္ေလာက္ေသာက္ ၿပီး ခ်ိန္မွာေတာ့ သက္သာၿပီး ကိုက္ခဲမႈေလ်ာ့သြားခဲ့ တာပါ ကြၽန္မမွ်ေဝခ်င္တာေလးက ကင္ဆာေရာဂါသည္တိုင္း ဝမ္းပုံမွန္သြားရပါမယ္ တစ္ေန႔ကို ဝမ္းထဲမွာရွိတဲ့ဝမ္းအကုန္အစင္သြားရင္ေတာ့ျဖင့္ ကိုက္ခဲျခင္းေတြေလ်ာ့ပါးသြားမွာပါလို႔ ထပ္ဆင့္မွ်ေဝေပးခ်င္ပါတယ္ မနက္ျဖန္အတြက္လဲ သတိတရဆုေတာင္းေပးၾကပါေနာ္ မိတ္ေဆြမ်ားလဲ ေရာဂါ မ်ားကင္းေဝးၾကပါေစ God Bless You. ” ဆိုၿပီး ေဝမွ်ထားတာပဲ ျဖစ္ပါတယ္။ အျမန္ဆုံးသက္သာက်န္းမာပါေစ။

Happy – Cele Zone
Photo – The Real Mee Mee Khel