ပုံတစ်ပုံတည်းနဲ့ ပညာသားပါပါ Brand အားလုံးကို ကြော်ငြာပြလိုက်တဲ့ စိုင်းစိုင်း

Posted on

ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ယောက်ဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တိုင်းအားမပေးဖူးသူ မရှိလောက်အောင် အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်သူတစ်ယောက်ပါ။ အနုပညာကို တန်ဖိုးထားတဲ့စိတ်ဓာတ်အရင်းခံအပြင် ကြိုးစားအားထုတ်မှုနဲ့ လုံ့လဝီရိယတို့ကြောင့် အခုချိန်ထိလည်း ထိပ်ဆုံးနေရာကို ယူထားနိုင်ဆဲဖြစ်ပါတယ်။

သူကတော့ အဆိုတော်၊သရုပ်ဆောင်၊စာရေးစတဲ့ ဝါသနာပါတဲ့အလုပ်တွေကို လုပ်နေတဲ့ အပြင် စီးပွားရေးအနေနဲ့လည်း Frenzo Production နဲ့ Sai Cosmetix ကိုလည်း ဦးဆောင်လုပ်ကိုင်နေပါသေးတယ်။ ဒါ့အပြင် သူ Brand Ambassador အဖြစ်ခန့်အပ်ခြင်းခံထားရတဲ့ ကုန်ပစ္စည်းတိုင်းရဲ့ Image ကိုလည်း သူနဲ့တွဲမြင်နေအောင် အမြဲလုပ်ဆောင်ပေးနေသူတစ်ယောက်ပါ။ စိုင်းစိုင်းကတော့ သူ့ရဲ့ကျော်ကြားမှုနဲ့ အလုပ်ကိုတန်ဖိုးထားတတ်ပုံတို့ကြောင့် ကုန်ပစ္စည်းတော်တော်များများရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခံထားရသူလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ စိုင်းစိုင်းတင်လိုက်တဲ့ ပုံနဲ့ စာသားလေးကြောင့် ပရိသတ်တွေကတော့ စိုင်းစိုင်းကို Brand Ambassador ကြီးပီသပါပေတယ်လို့ ပြောစမှတ်ပြုရလောက်အောင် ဖြစ်ခဲ့ရပါတယ်။ စိုင်းစိုင်းကတော့ “Stay At Home 11 ရက်မြောက်နေ့… #AirKBZ မတ်ခွက်ထဲ #NesCafe ကော်ဖီထည့်သောက်ပြီး #GATSBY ဖြင့်ဆံပင်ထောင်၍ #SAMSUNG ဖုန်းဖြင့် ဆယ်ဖီရိုက်ကာ #Ooredoo လိုင်းဖြင့် post တင်သည်” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ်။ ပရိသတ်တွေက စိုင်းစိုင်းရဲ့ Marketing စွမ်းရည်နဲ့ Brand Ambassador ပီသမှုတို့ကို ချီးကျူးကာ မှတ်ချက်ပေးရေးသားခဲ့ကြပါတယ်… ဒါ့ကြောင့်မို့လည်း စိုင်းစိုင်းဆိုပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တာမဟုတ်လားပရိသတ်ကြီးရေ…


Source – Sai Sai Kham Leng
Ki Ki – Cele Zone