ပြောင်မြောက်လှတဲ့ဖန်တီးမှုလက်ရာတွေထဲကမှ အကြိုက်ဆုံးဝတ်စုံ(၄)စုံကိုပြောပြခဲ့တဲ့ဒီဇိုင်နာမျိုးမင်းစိုး

Posted on

ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီး ဒိတ်ဒိတ်ကြဲဒီဇိုင်နာတွေထဲက တစ်ယောက်ပါ။ နှစ်ပေါင်း(၁၀)နှစ်ကျော်သက်တမ်းအတွင်းမှာ သူဖန်တီးထားတဲ့ဝတ်စုံတွေဟာလည်း ပရိသတ်တွေ အံ့သြရလောက်အောင်ဖန်တီးမှုလက်ရာတွေဟာလှပခဲ့ပါတယ်။ မျိုးမင်းစိုးဟာ ရွှေသားဝတ်စုံတွေ ရတနာဝတ်စုံတွေကိုဖန်တီးချုပ်လုပ်တာကြောင့် နာမည်ကျော်ကြားတဲ့သူတစ်ဦးပါ။


မျိုးမင်းစိုးရဲ့ဖန်တီးမှုတွေထဲကမှ သူကိုယ်တိုင်အကြိုက်ဆုံး ဝတ်စုံလေးစုံကို ပရိသတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဝတ်စုံတွေကတော့ မင်းသမီးချောလေး နန်းဆုရတီစိုးဝတ်ဆင်ခဲ့တဲ့ဝတ်စုံတွေပါ။ အဲ့ဒီအကြောင်းကိုလည်း “အဲဒါကတော့ကျန်တော့်ရဲ့ဖန်တီးမှု ကိုယ်ချုပ်ခဲ့တဲ့ ဝတ်စုံတွေထဲကအကြိုက်ဆုံး ဝတ်စုံ၄စုံကိုဖော်ပြပေးရမယ့် ဆိုတဲ့ Pyae pho Min ရဲ့Challenge လေးလက်ခံလိုက်ပါပြီနော်…ကိုယ်ဖန်တီးခဲ့တဲ့ဝတ်စုံတွေကအားလုံးအကြိုက်ဆုံးတွေမို့ပရိတ်သတ်တွေကြိုက်ကြတဲ့ဝတ်စုံလေးတွေနဲ့နန်းစုရတီစိုးရဲ့အထင်ကရFashion လေးတွေပဲတင်လိုက်ပါတယ်နော်။” ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ်။နန်းဆုရတီစိုးဟာ အသားအရေ ခန္ဓာကိုယ်အချိုးအစားစတာတွေပြောစရာမလိုအောင်နုပျိုလှပတဲ့အပြင် နေရာဒေသအလိုက်ဖက်ရှင်ကျကျဝတ်တတ်သူလို့လည်း သတ်မှတ်ခံထားရတာပါ။


ဒီလိုမျိုးဖက်ရှင်ကျလှပတဲ့ နန်းဆုဟာ ပွဲတက်ဝတ်စုံတွေရွေးချယ်တဲ့အခါမှာတော့ ခမ်းနားပြီးကျက်သရေရှိတဲ့ ပွဲတက်ဝတ်စုံဒီဇိုင်းတွေကို ဖန်တီးလေ့ရှိတဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့လက်ရာတွေကိုရွေးချယ်လေ့ရှိပြီး ပွဲအခမ်းအနားတွေမှာ အားလုံးကအံ့သြမှင်သက်ရတဲ့ ဝတ်စုံဒီဇိုင်းတွေဖြစ်ခဲ့တာပါပဲနော်….


Source : MyoMinSoe