ဖတ်မိသူတိုင်းမျက်ရည်ဝဲသွားစေလောက်မယ့် ဇာဇာထက်ရဲ့ မိခင်နဲ့ပတ်သက်တဲ့ ရင်တွင်းခံစားချက်တစ်ချို့

Posted on

စာကြိုးစားပြီး အရှက်အကြောက်ကြီးတဲ့မိန်းကလေးအဖြစ်ကနေ Sexy Model ဆိုတဲ့ဘဝကို ရောက်လာခဲ့ဖို့အတွက် အများကြီး ကြိုးစားရုန်းကန်ခဲ့ရတဲ့ဇာဇာထက်တစ်ယောက် သူမရဲ့ ဘဝအကြောင်းတွေကို မကြာခဏဆိုသလို လူမှုကွန်ရက်မှာ ဝေမျှလေ့ရှိပါတယ်။ ဒီတစ်ခေါက် မှာလည်း ဆုံးပါးသွားတဲ့မိခင်ရဲ့ (၄) နှစ်နဲ့ တစ်လပြည့်တဲ့နေ့လေးမှာ သူမ ခံစားရသမျှတွေကို ထုတ်ပြောခဲ့ပါတယ်။

ရင်တွင်းခံစားချက်တွေကို ” သို့/ ချစ်ရတဲ့အမေ ဒီနေ့နဲ့ဆိုအမေသမီးဘဝထဲကရုတ်တရက် နှုတ်မဆက်ပဲခွဲခွါသွားခဲ့တာ (၄ )နှစ်နဲ့ တစ်လ တိတိပြည့်သွားပေမဲ့လည်း သမီးရင်ထဲမှာအမေ အမြဲရှင်သန်နေဆဲပါအမေဒါနဲ့ ပြောရအုံးမယ် အမေရေ အမေသိပ်ချစ်ပြီး စိတ်ချလက်ချ အပ်သွားခဲ့တဲ့ ဟိုကရင်ကောင်လေး လဲသမီးအနားမှာမရှိတော့ပါဘူးအမေ အမေစိတ်မကောင်း မဖြစ်နဲ့နော် သမီးအမေပြောသလို စိတ်ကောင်းရှိတဲ့သူဖြစ်အောင်နေ ထိုင်နေပါတယ် အမေရဲ့ အမေ့(၄)နှစ်ပြည့် သမီးမယ်သီလရှင် ဝတ်ဖို့ဝတ်စုံတောင် ဝယ်ထားပြီးမှ ကိုရိုနာဆိုတဲ့ ကပ်ဆိုးကြီးကြောင့် မဝတ်ဖြစ်သေးဘူးအမေ အမေရောဘယ်တွေရောက်နေလဲဟင် တခြားဘဝမှာ အမေနေကောင်း ကျန်းမာပြီး လမ်းတွေ လျှောက်နိုင်တဲ့ လူကောင်းကြီးဖြစ်နေပြီလားအမေ ”

” အမေသမီး အရမ်းလွမ်းတယ်အမေ အခုအိမ်မှာ နေရတော့ပိုလွမ်းတယ် မောင်လေးကလဲ အခုသားလေးရသွားပြီ အမေ မြေးရနေပြီ သမီးကတော့အခုတစ်ယောက်ထဲပဲ အဖေတို့ကတော့ အခုနယ်ကနေ အိမ်နားမှာတိုက်ခန်းလာဝယ်နေကြတယ်အမေ အကိုကြီးတို့ မိသားစုကလဲ နယ်ကနေ ရန်ကုန်မှာလာအခြေချနေထိုင်နေကြပြီအမေ သမီးမွေးနေ့မှာ အမေ့အတွက် ရည်စူးပြီး ဆေးရုံမှာလှူတဲ့ အလှူတွေကို အမေသာဓု သာဓု သာဓုခေါ်နော် ချစ်တယ်အမေလွမ်းတယ်အမေ သတိရခြင်းများစွာဖြင့် ချစ်သမီး ပအို့ဝ်မလေး ” ဆိုပြီး ဖွင့်ဟခဲ့ပါတယ်။ ဖိုက်တင်းပါဇာရေ။

Happy – Cele Zone
Photo – Zar Zar Htet

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဖတ္မိသူတိုင္းမ်က္ရည္ဝဲသြားေစေလာက္မယ့္ ဇာဇာထက္ရဲ႕ မိခင္နဲ႔ပတ္သတ္တဲ့ ရင္တြင္းခံစားခ်က္တစ္ခ်ိဳ႕

စာႀကိဳးစားၿပီး အရွက္အေၾကာက္ႀကီးတဲ့မိန္းကေလးအျဖစ္ကေန Sexy Model ဆိုတဲ့ဘဝကို ေရာက္လာခဲ့ဖို႔အတြက္ အမ်ားႀကီး ႀကိဳးစား႐ုန္းကန္ခဲ့ရတဲ့ဇာဇာထက္တစ္ေယာက္ သူမရဲ႕ ဘဝအေၾကာင္းေတြကို မၾကာခဏဆိုသလို လူမႈကြန္ရက္မွာ ေဝမွ်ေလ့ရွိ ပါတယ္။ ဒီတစ္ေခါက္ မွာလည္း ဆုံးပါးသြားတဲ့မိခင္ရဲ႕ (၄) ႏွစ္နဲ႔ တစ္လျပည့္တဲ့ေန႔ေလးမွာ သူမ ခံစားရသမွ်ေတြကို ထုတ္ေျပာ ခဲ့ပါတယ္။

ရင္တြင္းခံစားခ်က္ေတြကို ” သို႔/ ခ်စ္ရတဲ့အေမ ဒီေန႔နဲ႔ဆိုအေမသမီးဘဝထဲက႐ုတ္တရက္ ႏႈတ္မဆက္ပဲခြဲခြါသြားခဲ့တာ (၄ )ႏွစ္နဲ႔ တစ္လတိတိျပည့္သြားေပမဲ့လည္း သမီးရင္ထဲမွာအေမ အၿမဲရွင္သန္ေနဆဲပါအေမဒါနဲ႔ ေျပာရအုံးမယ္ အေမေရ အေမသိပ္ခ်စ္ၿပီး စိတ္ခ်လက္ခ် အပ္သြားခဲ့တဲ့ ဟိုကရင္ေကာင္ေလး လဲသမီးအနားမွာမရွိေတာ့ပါဘူးအေမ အေမစိတ္မေကာင္း မျဖစ္နဲ႔ေနာ္ သမီးအေမေ ျပာသလို စိတ္ေကာင္းရွိတဲ့သူျဖစ္ေအာင္ေန ထိုင္ေနပါတယ္ အေမရဲ႕ အေမ့(၄)ႏွစ္ျပည့္ သမီးမယ္သီလရွင္ ဝတ္ဖို႔ ဝတ္ စုံေတာင္ ဝယ္ထားၿပီးမွ ကို႐ိုနာဆိုတဲ့ ကပ္ဆိုးႀကီးေၾကာင့္ မဝတ္ျဖစ္ေသးဘူးအေမ အေမေရာဘယ္ေတြေရာက္ေနလဲဟင္ တျခားဘဝ မွာ အေမေနေကာင္းက်န္းမာၿပီး လမ္းေတြ ေလွ်ာက္ႏိုင္တဲ့ လူေကာင္းႀကီးျဖစ္ေနၿပီလားအေမ ”

” အေမသမီး အရမ္းလြမ္းတယ္အေမ အခုအိမ္မွာ ေနရေတာ့ပိုလြမ္းတယ္ ေမာင္ေလးကလဲ အခုသားေလးရသြားၿပီ အေမ ေျမးရေနၿပီ သမီးကေတာ့အခုတစ္ေယာက္ထဲပဲ အေဖတို႔ကေတာ့ အခုနယ္ကေန အိမ္နားမွာတိုက္ခန္းလာဝယ္ေနၾကတယ္အေမ အကိုႀကီးတို႔မိသားစုကလဲ နယ္ကေန ရန္ကုန္မွာလာအေျခခ်ေနထိုင္ေနၾကၿပီအေမ သမီးေမြးေန႔မွာ အေမ့အတြက္ ရည္စူးၿပီး ေဆး႐ုံမွာလႉတဲ့ အလႉေတြကို အေမသာဓု သာဓု သာဓုေခၚေနာ္ ခ်စ္တယ္အေမလြမ္း တယ္အေမ သတိရျခင္းမ်ားစြာျဖင့္ ခ်စ္သမီး ပအို႔ဝ္မေလး ” ဆိုျပီး ဖြင့္ဟခဲ့ပါတယ္။ ဖိုက္တင္း ပါဇာေရ။

Happy – Cele Zone
Photo – Zar Zar Htet