ချစ်ရတဲ့သားလေးကို ကျောပေါ်တင်ပြီး Plank ထောက်ပြခဲ့တဲ့ မေမေ မယ်လိုဒီ

Posted on

တစ်သားမွေးပြီးတော့ တစ်သွေးလှလွန်းတဲ့ မေမေ မယ်လိုဒီကတော့ ချစ်စရတဲ့သားလေး သိဒ္ဓိစစ်ကို ကျောပေါ်တင်ပြီး plank ထောက် နေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ပုံမှန်ထောက်ရင်တောင် စက္ကန့် (၃၀) လောက်ခံဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ မယ်လိုဒီကတော့ သားလေးကိုကျောပေါ်တင်ပြီး စက္ကန့် (၃၀) ကြာ ထောက်ပြခဲ့တာပါ။ သားလေးက ကျောပေါ်မှာငြိမ်နေတာမဟုတ်ဘဲ ကစားနေခဲ့တာဖြစ်လို့ ပိုပြီးခက်ခဲပါတယ်။

ဘာလီမှာသွားရောက်ရိုက်ကူးခဲ့တဲ့ ” နတ် ” ရုပ်ရှင်ဇာတ်ကားအတွက် ကိုယ်အလေးချိန်တွေ အပြင်းအထန်လျော့ခဲ့ရပြီး ကျစ်လျစ်တဲ့ ကိုယ်ခန္ဓာလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ဒါတောင် နောက်ထပ် (၁၀) ပေါင် ချပါဦးဆိုလို့ အကြိုးအစားဝိတ်ချခဲ့ရပါသေးတယ်။ အခုဆိုရင်တော့ အသက်နှစ်ဆယ်ကျော်အရွယ်လေးလို့ ကျန်းမာနုပျိုပြီး အရမ်းကို ကြည့်ကောင်းနေပါပြီ။

သားလေးကိုကျောပေါ်တင်ပြီး Plank ထောက်နေတဲ့ ဗီဒီယိုလေးကို ” လွယ်တော့မလွယ်ဘူး ဒါပေမယ့် စိတ်ချမ်းသာရပါတယ် ပုံမှန် လေ့ကျင့်ရင်း ပိုမိုလှပ ကျန်းမာ ပျော်ရွှင်သောဘဝဆီသို့ လေ့ကျင့်ခန်းအလုပ်လွန်ရင်း မာဆယ်နာပီဇာကိုမစားမဖူး ၄ချပ်စား ရင်ခေါင်း တောင့် အစာအိမ် နာတာ ညည မသိရင် သူများဘဲပြုစားထားသလို (၃) ညလောက်လူးလှိမ့်နေအောင် ခံစားလိုက်ရတယ် အမြဲကြည့်ပေး နေကျဆရာဝန်က ဗိုက်အောင့်တယ် ပြောလိုက်တာနဲ့ belly ကစားထား သေးလားတဲ့ videoclip တောင်မတင်ရသေးဘဲ အကြားအမြင် ရသလိုမေးတယ် အနာနဲ့ဆေးတွေ့ ၃ရက်လောက် ဂူဂူဂါဂါသေလောက်အောင်နာပြီး အိပ်မရခဲ့တာ ယူပစ်သလိုပျောက်သွားရော
ဒါနဲ့ဘဲ အမှတ်မရှိ နေ့တိုင်းဆက်ကစားနေပါတယ် ” ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။

Happy – Cele Zone
Photo – Melody Myo

(ဇော်ဂျီဖြင့်ဖတ်ရန်)

ခ်စ္ရတဲ့သားေလးကို ေက်ာေပၚတင္ၿပီး Plank ေထာက္ျပခဲ့တဲ့ ေမေမ မယ္လိုဒီ

တစ္သားေမြးၿပီးေတာ့ တစ္ေသြးလွလြန္းတဲ့ ေမေမ မယ္လိုဒီကေတာ့ ခ်စ္စရတဲ့သားေလး သိဒၶိစစ္ကို ေက်ာေပၚတင္ၿပီး plank ေထာက္ေနတဲ့ ဗီဒီယိုေလးကို လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။ ပုံမွန္ေထာက္ရင္ေတာင္ စကၠန႔္ (၃၀) ေလာက္ခံဖို႔ဆိုတာ သိပ္မလြယ္ပါဘူး။ မယ္လိုဒီကေတာ့ သားေလးကိုေက်ာေပၚတင္ၿပီး စကၠန႔္ (၃၀) ၾကာ ေထာက္ျပခဲ့တာပါ။ သားေလးက ေက်ာေပၚမွာၿငိမ္ေနတာမဟုတ္ဘဲ ကစားေနခဲ့တာျဖစ္လို႔ ပိုၿပီးခက္ခဲပါတယ္။

ဘာလီမွာသြားေရာက္႐ိုက္ကူးခဲ့တဲ့ ” နတ္ ” ႐ုပ္ရွင္ဇာတ္ကားအတြက္ ကိုယ္အေလးခ်ိန္ေတြ အျပင္းအထန္ေလ်ာ့ခဲ့ရၿပီး က်စ္လ်စ္တဲ့ကိုယ္ခႏၶာ ေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ ဒါေတာင္ ေနာက္ထပ္ (၁၀) ေပါင္ ခ်ပါဦးဆိုလို႔ အႀကိဳးအစားဝိတ္ခ်ခဲ့ရပါေသးတယ္။ အခုဆိုရင္ေတာ့ အသက္ႏွစ္ဆယ္ေက်ာ္အ႐ြယ္ေလးလို႔ က်န္းမာႏုပ်ိဳၿပီး အရမ္းကို ၾကည့္ေကာင္းေနပါၿပီ။

သားေလးကိုေက်ာေပၚတင္ၿပီး Plank ေထာက္ေနတဲ့ ဗီဒီယိုေလးကို ” လြယ္ေတာ့မလြယ္ဘူး ဒါေပမယ့္ စိတ္ခ်မ္းသာရပါ တယ္ ပုံမွန္ေလ့က်င့္ရင္း ပိုမိုလွပ က်န္းမာ ေပ်ာ္႐ႊင္ေသာဘဝဆီသို႔ ေလ့က်င့္ခန္းအလုပ္လြန္ရင္း မာဆယ္နာပီဇာကိုမစားမဖူး ၄ခ်ပ္စား ရင္ေခါင္းေတာင့္ အစာအိမ္ နာတာ ညည မသိရင္ သူမ်ားဘဲျပဳစားထားသလို (၃) ညေလာက္လူးလွိမ့္ေနေအာင္ ခံစားလိုက္ ရတယ္ အၿမဲၾကည့္ေပးေနက်ဆရာဝန္က ဗိုက္ေအာင့္တယ္ ေျပာလိုက္တာနဲ႔ belly ကစားထား ေသးလားတဲ့ videoclip ေတာင္မတင္ရေသးဘဲ အၾကားအျမင္ရသလိုေမးတယ္ အနာနဲ႔ေဆးေတြ႕ ၃ရက္ေလာက္ ဂူဂူဂါဂါေသေလာက္ ေအာင္နာၿပီး အိပ္မရခဲ့တာ ယူပစ္သလိုေပ်ာက္သြားေရာ ဒါနဲ႔ဘဲ အမွတ္မရွိ ေန႔တိုင္းဆက္ကစားေနပါတယ္ ” ဆိုၿပီး ေဝမွ်ထားတာ ပဲျဖစ္ပါတယ္။

Happy – Cele Zone
Photo – Melody Myo