ပေ (၅၀) အကွာအဝေးကို အသွားအပြန် မရပ်မနား ကြိုးခုန်ပြီးအားကစားလုပ်ခဲ့တဲ့ ဇာဏ်ခီရဲ့ ဗီဒီယို

Posted on

သရုပ်ဆောင်တွေဆိုတာ တစ်ချိန်လုံးကိုယ့်ကိုကိုယ်ဂရုစိုက်နေရတဲ့သူမျိုးတွေပါ။ အမျိုးသား တွေဆိုလည်း ကိုယ်ခန္ဓာတောင့်တင်းဖို့နဲ့ သက်လုံကောင်းဖို့အတွက် ပိုပြီးဂရုစိုက်ရပါတယ်။ ဒါကြောင့်အများစုက Gym ကစားကြပြီး ခန္ဓာကိုယ်ထိန်းကြပါတယ်။ ဇာတ်ခီကတော့ နိုင်ငံကျော်မင်းသားပီပီ Gym ကိုလည်း အသေအချာကစားသလို ကိုယ်ကာယကျန်းမာရေး ကိုလည်း ဂရုတစိုက်ရှိသူပါ။

လေ့ကျင့်ခန်းလုပ်တယ်ဆိုတာလည်း ကိုယ်ခန္ဓာလှပအောင်ဆိုတာထက် ကျန်းမာကြံ့ခိုင်အောင် လည်းလုပ်တတ်ကြပါတယ်။ နောက်ဆုံး ထွက်ထားတဲ့ဇာတ်ကားဖြစ်တဲ့ Now & Ever မှာဆိုရင် နေမကောင်းတဲ့ဇာတ်ရုပ်အတွက် ကိုယ်ခန္ဓာပြောင်းလဲမှုကို တော်တော်လေး ကြိုးစားပြီး ပြင်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။

အားကစားနဲ့မစိမ်းတဲ့မင်းသားကတော့ ကြိုးခုန်တဲ့ဗီဒီယိုလေးကို ” Challenge လုပ်တယ်ပဲ ထားပါတော့ ပေ၅၀ အသွားအပြန် nonstop (နောက်နေ့ ဒူးတစ်နေကုန်ကိုက်) ” ဆိုပြီး တင်ထား တာပဲဖြစ်ပါတယ်။ အာကစားလုပ်တာဝါသနာပါတဲ့ပရိသတ်ကြီးလည်း စိတ်ဝင်စား ရင် ကြိုးစား ကြည့်လို့ရတယ်နော်။ ကိုယ်တတ်နိုင်သလောက်ပဲလုပ်ဖို့တော့ အကြံပြုပါရစေ။

Happy – Cele Zone
Photo – Zenn Kyi

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေပ (၅၀) အကြာအေဝးကို အသြားအျပန္ မရပ္မနား ႀကိဳးခုန္ၿပီးအားကစားလုပ္ခဲ့တဲ့ ဇာဏ္ခီရဲ႕ ဗီဒီယို

သ႐ုပ္ေဆာင္ေတြဆိုတာ တစ္ခ်ိန္လုံးကိုယ့္ကိုကိုယ္ဂ႐ုစိုက္ေနရတဲ့သူမ်ိဳးေတြပါ။ အမ်ိဳးသား ေတြဆိုလည္း ကိုယ္ခႏၶာေတာင့္တင္း ဖို႔နဲ႔ သက္လုံေကာင္းဖို႔အတြက္ ပိုၿပီးဂ႐ုစိုက္ရပါတယ္။ ဒါေၾကာင့္အမ်ားစုက Gym ကစားၾကၿပီး ခႏၶာကိုယ္ထိန္းၾကပါ တယ္။ ဇာတ္ခီကေတာ့ ႏိုင္ငံေက်ာ္မင္းသားပီပီ Gym ကိုလည္း အေသအခ်ာကစားသလို ကိုယ္ကာယက်န္းမာေရး ကိုလည္း ဂ႐ုတစိုက္ရွိသူပါ။

ေလ့က်င့္ခန္းလုပ္တယ္ဆိုတာလည္း ကိုယ္ခႏၶာလွပေအာင္ဆိုတာထက္ က်န္းမာႀကံ့ခိုင္ေအာင္ လည္းလုပ္တတ္ၾကပါတယ္။ ေနာက္ဆုံး ထြက္ထားတဲ့ဇာတ္ကားျဖစ္တဲ့ No & Ever မွာဆိုရင္ ေနမေကာင္းတဲ့ဇာတ္႐ုပ္အတြက္ ကိုယ္ခႏၶာေျပာင္းလဲမႈကို ေတာ္ေတာ္ ေလးႀကိဳးစားၿပီး ျပင္ဆင္ခဲ့ရတယ္လို႔ဆိုပါတယ္။

အားကစားနဲ႔မစိမ္းတဲ့မင္းသားကေတာ့ ႀကိဳးခုန္တဲ့ဗီဒီယိုေလးကို ” Challenge လုပ္တယ္ပဲ ထားပါေတာ့ ေပ၅၀ အသြားအျပန္ nonstop (ေနာက္ေန႔ ဒူးတစ္ေနကုန္ကိုက္) ” ဆိုၿပီး တင္ထား တာပဲျဖစ္ပါတယ္။ အာကစားလုပ္တာဝါသနာပါတဲ့ပရိသတ္ႀကီးလည္း စိတ္ဝင္စားရင္ ႀကိဳးစား ၾကည့္လို႔ရတယ္ေနာ္။ ကိုယ္တတ္ႏိုင္သေလာက္ပဲလုပ္ဖို႔ေတာ့ အႀကံျပဳပါရေစ။

Happy – Cele Zone
Photo – Zenn Kyi