ထုတ်ပြန်ချက်တွေကို အသိနောက်ကျခဲ့တဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ ကျော်ကျော်ဗိုလ်

Posted on

လတ်တလောကမ္ဘာတစ်ဝှမ်းလုံးမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ကာကွယ်ဖို့အတွက် လူငါးယောက်ထက် ပိုမစုကြဖို့ သက်ဆိုင်ရာက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိလာခဲ့စဉ်ကတည်းက လုပ်ငန်းရှင်အချို့ အလုပ်တွေရပ်ဆိုင်းထားသလို ဝန်ထမ်းတွေကိုငဲ့ပြီး အလုပ်မလာစေတော့တဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ ပိတ်ခဲ့တဲ့လုပ်ငန်းတွေလည်း အများကြီးပါပဲ။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ သင်္ကြန်ကာလပိတ်ရက်ရှည်နဲ့လည်း တိုက်ခဲ့တာကြောင့် ဒီနေ့ရုံးဖွင့်ရက်မှာတော့ အလုပ်သမားတွေကြား အခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်။ ဒီနေ့မနက်မှာတော့ စက်ရုံတွေမှာစုဝေးနေတဲ့ အလုပ်သမားတွေကို တွေ့မြင်ရမှာဖြစ်တဲ့အပြင် လျှပ်စစ်မီးဖြတ်ခံရမှာကြောက်တဲ့ ပြည်သူတွေလည်း မီတာရုံးမှာ ကြိတ်ကြိတ်တိုးတန်းစီနေတာကို စိတ်မကောင်းဖွယ် တွေ့မြင်ကြရမှာပါ။ အလုပ်သမားအများစုကတော့ နယ်ကလူတွေများတာကြောင့် ရုံးဖွင့်ရက်မတိုင်ခင်ကတည်းက ရန်ကုန်ကိုရောက်အောင်ပြန်လာကြရပြီး ဒီနေ့မှာမှ စက်ရုံတွေကို ဧပြီလ(၃၀)ရက်နေ့အထိ ဖွင့်ခွင့်မပေးသေးကြောင်းသိရှိရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မီတာရုံးမှာ မီတာဘေလ်ကို မေလ(၂၀) နေ့အထိနောက်ဆုတ်ပြီး ပေးဆောင်ခွင့်ပြုထားခြင်းကိုလည်း ဒီနေ့မနက်မှ ထုတ်ပြန်ကြေညာခဲ့တာကြောင့် လူထုဆီ သတင်းထုတ်ပြန်မှုနောက်ကျတဲ့အပြင် ထိရောက်မှုမရှိခဲ့တာကြောင့်လည်း အသိနောက်ကျခဲ့တဲ့ပြည်သူတွေ ဒီနေ့မှာ စက်ရုံတွေနဲ့ မီတာရုံးတွေမှာ စုဝေးနေခဲ့ကြတာဖြစ်ပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ ဒီမနက်လူစုလူဝေးတွေဖြစ်ပေါ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး “အလုပ်မဆင်းရသေးတဲ့ကိစ္စ ၊မီတာမဆောင်ရင်ရသေးတဲ့ကိစ္စ ပြည်သူတွေအသိနောက်ကျလွန်းခဲ့ကြပါသည်ခင်ဗျာ” ဆိုပြီး ဝမ်းနည်းစွာမျှဝေခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း တစ်ပြေးညီမဖြစ်သေးတဲ့ အလုပ်ရှင်တွေကြောင့် အလုပ်ဖွင့်တယ် မဖွင့်ဘူးဆိုတာကတော့ အလုပ်သမားတွေကြားမှာ အငြင်းပွားနေဆဲဖြစ်ပြီး လူစုလူဝေးမဖြစ်စေဖို့ ထိန်းချုပ်ကန့်သတ်ချက်ကတော့ အလှမ်းကွာဝေးနေဦးမှာ အမှန်ပါပဲ ပရိသတ်ကြီးရေ။


Source – Kyaw Kyaw Bo
Ki Ki – Cele Zone