မိနစ်ပိုင်းအတွင်းကြည့်ရှုသူတွေများပြားလာခဲ့တဲ့ စန္ဒီမြင့်လွင်တို့ သားမိနှစ်ယောက်နဲ့ဗီဒီယို

Posted on

လတ်တလောခေတ်စားနေတဲ့ flip the switch ချဲလန့်လေးကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ ဒီချစ်စရာချဲလန့်လေးကို ဒီတစ်ခေါက်မှာတော့ ဒီးဒီက သူမရဲ့ မိခင်နဲ့အတူ ကစားထားတာပဲဖြစ်ပါတယ်။ မိဘတွေရဲ့အမြင်မှာတော့ ကိုယ့်သားသမီးလေး ဘယ်အရွယ်ပဲ ရောက်ရောက် ကလေးလေးတစ်ယောက်လို ချစ်နေရတာပါပဲ။

အခုလည်း မြေးလေးတောင်ရနေပြီဖြစ်တဲ့ ဒီးဒီရဲ့မေမေက သမီးလေးဆော့တာကို သမီးနဲ့အတူ လိုက်ပျော်ပေးရင်း အားလုံးကို အပျော်တွေထပ်ပြီးဝေမျှပေးတာ တကယ်ကိုပျော်စရာပါ။ ဆယ်ကျော်သက်လေးတစ်ယောက်လိုအပြင်အဆင်နဲ့ Rapper မလေး ဒီးဒီရဲ့ပုံစံအတိုင်း မေမေက လိုက်ဝတ်ပြီး က ထားတာ တကယ်ကိုသဘောကျချင်စရာပါ။

သားမိနှစ်ယောက်ရဲ့ ချစ်စရာဗီဒီယိုလေးကို ” ကဲ mom & daughter ချဲလင့်လေးပါနော် အမေနဲ့အဲ့လိုလေးရိုက်ဖို့  ချဲလင့်လိုက်ပါပီနော် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ်မှာနေရင်း မေမေနဲ့အတူ ပျော်ပျော်ပါးပါးကစားကြည့်ပါဦးနော်။

Happy – Cele Zone
Photo – Sandi Myint Lwin

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Sandi Myint Lwin