လူလွတ်တွေတောင်အားကျသွားစေမယ့် ချစ်သုဝေတို့မိသားစုရဲ့ ပျော်စရာအခိုက်အတန့် ဗီဒီယိုလေး

Posted on

အမွှာလေးနှစ်ယောက်နဲ့ပျော်စရာကမ္ဘာလေးကိုတည်ဆောက်ထားကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မိသားစုလေးက အရမ်းကိုကြည်နူး စရာကောင်းလွန်းပါတယ်။ သမီးလေးတွေကို လိမ္မာရေးခြားရှိအောင်မေမေက သွန်သင်ပြီး ရဲရင့်ပြတ်သားအောင် ဖေဖေကသွန်သင် တတ်ပါ သေးတယ်။ ဖေဖေနဲ့မေမေနဲ့ ပုံစံမတူတဲ့ဆုံးမမှုတွေအောက်မှာ သမီးလေးတွေဟာ အရာရာ ထူးချွန်တဲ့ကလေးလေးတွေအဖြစ် ပုံစံပေါ်လာခဲ့ပါတယ်။

မေမေ မသိအောင် ဖေဖေနဲ့တူတူ ကာတွန်းကားလေးတွေကြည့်သလို သားဖသုံးယောက်ပေါင်းပြီး ပေါက်ကရတွေလည်းလုပ်တတ် တာတော့ ကြာခဲ့ပါပြီ။ ဒီတစ်ခေါက်တော့ မေမေက သုံးယောက်လုံးကို လက်ပိုင်ခိုင်းပြီးဆူပါတော့တယ်။ သဲလေးနှစ်ယောက်လုံး မျက်နှာလေးတွေ စူပုတ်နေပြီး ချစ်စရာကောင်းလွန်းတာတော့ အမှန်ပါပဲ။

ကလေးစားတဲ့ စီဗစ်တွေကို တစ်လုံးထက်ပိုပြီးစားမိတာကြောင့် အဆူခံနေရတာဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ဖေဖေကလည်း သမီးလေးတွေနဲ့အတူတူ လက်ကလေးပိုက်ပြီး မတ်တပ်ရပ်အဆူခံနေပုံက ပျော်စရာမိသားစုလေးရဲ့အငွေ့အသက်တွေအပြည့်ပါပဲ။ ကြည်နူးစရာအခိုက်အတန့်လေးတွေကို ဗီဒီယိုရိုက်ပြီးဝေမျှတတ်တဲ့ဖေဖေက ဒီတစ်ခေါက်မှာလည်း ထပ်ပြီးဝေမျှလိုက်ပြန်ပါပြီ။

Happy – Cele Zone
Photo – Htwe Lynn Ko

(ဇော်ဂျီဖြင့်ဖတ်ရန်)

လူလြတ္ေတြေတာင္အားက်သြားေစမယ့္ ခ်စ္သုေဝတို႔မိသားစုရဲ႕ ေပ်ာ္စရာအခိုက္အတန႔္ ဗီဒီယိုေလး

အမႊာေလးႏွစ္ေယာက္နဲ႔ေပ်ာ္စရာကမၻာေလးကိုတည္ေဆာက္ထားၾကတဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ရဲ႕ မိသားစုေလး က အရမ္းကိုၾကည္ႏူးစရာေကာင္းလြန္းပါတယ္။ သမီးေလးေတြကို လိမၼာေရးျခားရွိေအာင္ေမေမက သြန္သင္ျပီး ရဲရင့္ျပတ္သားေအာင္ ေဖေဖကသြန္သင္တတ္ပါ ေသးတယ္။ ေဖေဖနဲ႔ေမေမနဲ႔ ပံုစံမတူတဲ့ဆံုးမမႈေတြေအာက္မွာ သမီးေလး ေတြဟာ အရာရာ ထူးခြ်န္တဲ့ကေလးေလးေတြအျဖစ္ ပံုစံေပၚလာခဲ့ပါတယ္။

ေမေမ မသိေအာင္ ေဖေဖနဲ႔တူတူ ကာတြန္းကားေလးေတြၾကည့္သလို သားဖသံုးေယာက္ေပါင္းျပီး ေပါက္ကရေ တြလည္းလုပ္တတ္တာေတာ့ ၾကာခဲ့ပါျပီ။ ဒီတစ္ေခါက္ေတာ့ ေမေမက သံုးေယာက္လံုးကို လက္ပိုင္ခိုင္းျပီးဆူပါေတာ့တယ္။ သဲေလးႏွစ္ေယာက္လံုး မ်က္ႏွာေလးေတြ စူပုတ္ေနျပီး ခ်စ္စရာေကာင္းလြန္းတာေတာ့ အမွန္ပါပဲ။

ကေလးစားတဲ့ စီဗစ္ေတြကို တစ္လံုးထက္ပိုျပီးစားမိတာေၾကာင့္ အဆူခံေနရတာျဖစ္ပါတယ္။ ခ်စ္ဖို႔ေကာင္းတဲ့ ေဖေဖ ကလည္း သမီးေလးေတြနဲ႔အတူတူ လက္ကေလးပိုက္ျပီး မတ္တပ္ရပ္အဆူခံေနပံုက ေပ်ာ္စရာမိသားစုေလးရဲ႕ အေငြ႕အသက္ ေတြအျပည့္ပါပဲ။ ၾကည္ႏူးစရာအခိုက္အတန္႔ေလးေတြကို ဗီဒီယိုရိုက္ျပီးေဝမွ်တတ္တဲ့ေဖေဖက ဒီတစ္ေခါက္မွာလည္း ထပ္ျပီးေဝမွ်လိုက္ျပန္ပါျပီ။

Happy – Cele Zone
Photo – Htwe Lynn Ko