သားလေးရဲ့ပထမဆုံးမွေးနေ့ပွဲလေးကို အပင်ပန်းခံပြီးပြင်ဆင်ထားတဲ့ နန်းမြတ်ဖြိုးသင်း တို့ဇနီးမောင်နှံရဲ့ ဗီဒီယို
Posted on
နန်းမြတ်တို့ရဲ့ချစ်စရာသားလေးဂျက်ဂျက်တစ်ယောက် သင်္ကြန်အကြိုနေ့မှာပဲ အသက် (၁) နှစ် ပြည့်သွားခဲ့တာဖြစ်ပါတယ်။ သားလေးရဲ့ ပထမဆုံးမွေးနေ့ပွဲလေးဖြစ်တာမို့ မေမေနန်းမြတ်က ဖေဖေနဲ့အတူ အိမ်မှာပဲ ပါတီအသေးစားလေးပြင်ဆင်ပြီး သားလေးရဲ့မွေးနေ့ကို ကျင်းပခဲ့ကြပါ တယ်။ တစ်ရက်ထက်တစ်ရက် ပိုပိုပြီးချစ်စရာကောင်းလာတဲ့ဂျက်လေးက ဖေဖေ မေမေတို့ရဲ့ အသည်းတင်မက ပရိသတ်တွေရဲ့အသည်းကျော်လေးပါ ဖြစ်နေခဲ့ပါပြီ။
သားလေးရဲ့မွေးနေ့ပွဲအတွက် ပြင်ဆင်နေတဲ့ဗီဒီယိုလေးကို ” အကြိုနေ့ကဂျက်ဂျက်လေးမွေးနေ့ သားလေးဘဝရဲ့ပထမဆုံးမွေးနေ့လေး ကိုဒီတိုင်းကြီးမပီးသွားချင်လို့ ဒီမေမေကိုယ်တိုင်ပဲ ကြိုးစားပီးလုပ်ထားတာလေးအမှတ်တရရိုက်ထားတာပါ ဖေဖေကဝိုင်းကူပေါ့ အဆင်မပြေမှု လေးတွေကပိုအမှတ်တရဖြစ်စေတာပေါ့ Home Stay Birthday Party ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
ဒီနေ့မှာတော့ သားလေးရဲ့ကြည်နူးစရာမွေးနေ့အမှတ်တရပုံရိပ်လေးတွေကို ” ဂျက်လေးမွေးနေ့ ပုံလေးတွေမတင်ရသေးလို့ First birthday in his life ” ဆိုပြီး ထပ်မံဝေမျှခဲ့ပါသေးတယ်။ Happy Birthday ပါ ဂျက်လေးရေ ကျန်းမာပျော်ရွှင်ပြီး မိဘကျေးဇူးဆပ်နိုင် တဲ့ သားကောင်း ရတနာလေးဖြစ်ပါစေနော်။
Happy – Cele Zone
Photo – Nan Myat Phyo Thin
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone