ဘယ်သူမှထင်မှတ်မထားတဲ့ သူမရဲ့ ငယ်ဘဝပုံရိပ်တစ်ခုကို ထုတ်ပြလိုက်တဲ့ Mဆိုင်းလု

Posted on

အောင်မြင်တဲ့မော်ဒယ်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ M ဆိုင်းလုတစ်ယောက် သူမရဲ့ ငယ်စဉ်ဘဝက ပုံရိပ်လေးတစ်ခုကို ပရိသတ်ကြီးကိုချပြလိုက်ပါတယ်။ ငယ်ရုပ်မပျောက်သေး ပေမယ့် ငယ်ငယ်ကနဲ့လုံးဝကို ကွဲပြားကို အရမ်းကိုလှလာတာတော့ အသေအချာပါပဲ။ ပြင်တတ်ဆင်တတ်ဆိုတာထက် ငယ်ငယ်လေးကလည်း ချစ်စရာကောင်းတဲ့မျက်နှာလေး ဆိုတာတော့ ပုံရိပ်လေးက သက်သေပါပဲ။

 

အိမ်မှာပဲနေနေရတဲ့ကာလတွေမှာလည်း ဖခင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် Tik Tok ကစားပြီး ပရိသတ်တွေကိုရယ်ရအောင် ဖန်တီးပေး တတ်ပါသေးတယ်။ တိုင်းရင်းသူလေးမို့ ခပ်ဝဲဝဲ စကားသံလေးကလည်း တစ်မျိုးလေးဆွဲဆောင်လို့နေပါတယ်။ မကြာခဏဆိုသလို နိုင်ငံခြားခရီးစဉ်တွေသွားတတ်ပြီး Single အဖြစ်နဲ့ ဘဝကိုလွတ်လွတ်လပ်လပ်နေတတ်သူ တစ်ယောက်ပါ။

သူမရဲ့ငယ်ဘဝပုံရိပ်နဲ့ အခုပုံကိုယှဉ်ထားကာ ” ငယ်ငယ်တုန်းက ယူတို့စိတ်မဝင်စားလောက်တဲ့ ကောင်မလေးကလည်း အခုယူတို့ သည်းသည်းလှုပ်နေရတဲ့ မတ်မတ်လု ဖြစ်လာနိုင်တာပဲလေ ကဲ ချစ်သေးရဲ့လား ပြောသွားဦး 2009-2019 ” ဆိုပြီး ရေးသားခဲ့ပါတယ်။ အရင်က ဆိုင်းလုက ချစ်စရာကောင်းပြီး အခုဆိုင်းလုလေးကတော့ အရမ်းကိုလှတဲ့နတ်သမီးလေးပါ။

Happy – Cele Zone
Photo – M Seng Lu

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – M Seng Lu