Sexy Model ဖြစ်ဖို့အတွက် ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့ အကြီးမားဆုံးအခက်အခဲတွေကို ပြောပြလာတဲ့ ဇာဇာထက်

Posted on

ငယ်ငယ်ကတည်းက ယောကျာ်းလေးပုံစံနေခဲ့တဲ့ဇာဇာထက်အတွက်တော့ Sexy Model ဆိုတဲ့ လမ်းကြောင်းဟာ လုံးဝစဉ်းစားမိမှာ မဟုတ်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်မှာပါ။ သို့ပေမယ့်လည်း အခြေအနေတွေပေးလာတဲ့အနေအထားမှာ အသက်ရှင်ရပ်တည်ဖို့ အတွက် အလုပ်တစ်ခုလုပ်ရတော့မယ့်အချိန်မှာ ဇာဇာထက်တစ်ယောက် ဒီအလုပ်ကို ရွေးချယ်ခဲ့ပါတယ်။

 

ပညာထူးချွန်ပေမယ့် အခွင့်အရေးမရခဲ့တာကြောင့် ဂျပန်စကောလားရှစ်ကို စွန့်လွှတ်ခဲ့ရပြီး Sexy Model ဘဝထဲကို ခြေစုံပစ်ဝင်ခဲ့ပါ တယ်။ အခုလက်ရှိလည်း ပညာတွေဆက်လေ့လာနေပြီး ကိုယ်တိုင်ရဲ့ဘဝကို တိုးတက်အောင်ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါ တယ်။ ငယ်ဘဝရဲ့ ခက်ခဲမှုတွေကို မကြာခဏဆိုသလိုပြောပြခဲ့ပြီး ဒီနေ့မှာလည်း သူမရဲ့ငယ်စဉ်ကပုံရိပ်လေးတွေနဲ့အတူ ငယ်ဘဝ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

 

” ငယ် ” ထဲက ယောကျာ်းပုံစံနေခဲ့တဲ့ကျွန်မ sexy model ဆိုတဲ့ နာမည်လေးရဖို့ ခြုံလွှာတွေ တခုချင်းခွာချခဲ့ရတယ် ကလေးတွေကို ကျုရှင်သင်တဲ့ဆရာမဘဝနဲ့ Japan scholar ကို စွန့်လွှတ် ခဲ့ရလို့ မျက်ရည်တွေချောင်းဖြစ်တဲ့အထိငိုခဲ့ဖူးတယ် အခုတော့ ကံဇာတ်ဆရာ ပေးတဲ့နေရာမှာ အရာရာ ” နေသားကျနေခဲ့ပါပြီ (၉) တန်း (၁၀) တန်း တုန်းကပုံလေးတွေ သူငယ်ချင်း ပို့ပေးလာ လို့ကျေးဇူးပါ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Zar Zar Htet

(ဇော်ဂျီဖြင့်ဖတ်ရန်)

Sexy Model ျဖစ္ဖို႔အတြက္ ျဖတ္သန္းခဲ့ရတဲ့ ဘဝရဲ႕ အႀကီးမားဆုံးအခက္အခဲေတြကို ေျပာျပလာတဲ့ ဇာဇာထက္

ငယ္ငယ္ကတည္းက ေယာက်ာ္းေလးပုံစံေနခဲ့တဲ့ဇာဇာထက္အတြက္ေတာ့ Sexy Model ဆိုတဲ့ လမ္းေၾကာင္းဟာ လုံးဝစဥ္း စားမိမွာမဟုတ္တဲ့ အသက္ေမြးဝမ္းေၾကာင္းတစ္ခုျဖစ္မွာပါ။ သို႔ေပမယ့္လည္း အေျခအေနေတြေပးလာတဲ့အေနအထားမွာ အသက္ရွင္ရပ္တည္ဖို႔အတြက္ အလုပ္တစ္ခုလုပ္ရေတာ့မယ့္အခ်ိန္မွာ ဇာဇာထက္တစ္ေယာက္ ဒီအလုပ္ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

ပညာထူးခြၽန္ေပမယ့္ အခြင့္အေရးမရခဲ့တာေၾကာင့္ ဂ်ပန္စေကာလားရွစ္ကို စြန႔္လႊတ္ခဲ့ရၿပီး Sexy Model ဘဝထဲကို ေျခစုံပစ္ ဝင္ပါတယ္။ အခုလက္ရွိလည္း ပညာေတြဆက္ေလ့လာေနၿပီး ကိုယ္တိုင္ရဲ႕ဘဝကို တိုးတက္ေအာင္ႀကိဳးစားေနသူ တစ္ေယာက္လ ည္းျဖစ္ပါတယ္။ ငယ္ဘဝရဲ႕ ခက္ခဲမႈေတြကို မၾကာခဏဆိုသလိုေျပာျပခဲ့ၿပီး ဒီေန႔မွာလည္း သူမရဲ႕ငယ္စဥ္ကပုံရိပ္ေလး ေတြနဲ႔ အတူ ငယ္ဘဝအေၾကာင္းေတြကို ေျပာျပခဲ့ပါတယ္။

” ငယ္ ” ထဲက ေယာက်ာ္းပုံစံေနခဲ့တဲ့ကြၽန္မ sexy model ဆိုတဲ့ နာမည္ေလးရဖို႔ ၿခဳံလႊာေတြ တခုခ်င္းခြာခ်ခဲ့ရတယ္ ကေလးေတြကိုက်ဳရွင္သင္တဲ့ဆရာမဘဝနဲ႔ Japan scholar ကို စြန႔္လႊတ္ ခဲ့ရလို႔ မ်က္ရည္ေတြေခ်ာင္းျဖစ္တဲ့အထိငိုခဲ့ဖူးတယ္ အခုေတာ့ ကံဇာတ္ဆရာ ေပးတဲ့ေနရာမွာ အရာရာ ” ေနသားက်ေနခဲ့ပါၿပီ (၉) တန္း (၁၀) တန္း တုန္းကပုံေလးေတြ သူငယ္ခ်င္း ပို႔ေပးလာ လို႔ေက်းဇူးပါ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Zar Zar Htet