အမေရိကန်က ဘုန်းတော်ကြီးကျောင်းတစ်ခုကို အစားအသောက်နဲ့ လိုအပ်တာလေးတွေ သွားလှူခဲ့တဲ့ ဥက္ကာမင်းမောင်

Posted on

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ချစ်သူနဲ့အတူနေထိုင်တဲ့ သရုပ်ဆောင်ဥက္ကာမင်းမောင် တစ်ယောက် Covid ကာမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခုကို အစားအသောက်နဲ့ လိုအပ်တာလေးတွေ သွားရောက်လှူတန်းခဲ့ပါတယ်။ ရောဂါဖြစ်နေတဲ့ကာလဆိုတော့ ကျောင်းထဲဝင်ခွင့်မရဘဲ အပြင်ကဆွဲခြင်းထဲမှာပဲ ထည့်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

နှစ်သစ်အလှူအဖြစ်နဲ့ လှူချင်ပေမယ့် အခုလိုရောဂါတွေဖြစ်နေချိန်ဆိုတော့လည်း အခြေအနေကြည့်ပြီး အဆင်ပြေသလို လှူတန်းခဲ့တဲ့ အကြောင်း ပြောခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ကိုယ်ချစ်တဲ့သူနဲ့အတူတူနေရတဲ့အပြင် အိမ်မှာရှိတဲ့ ခွေးပေါက်လေး သုံးကောင် ကြောင့်လည်း ဥက္ကာမင်းမောင်တစ်ယောက် အပျော်ကြီးပျော်နေခဲ့ရပါတယ်။

နှစ်ဦးအလှူပုံရိပ်လေးကို ” ဒီနေ့ New York မြို့မှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းကို ဘုန်းဘုန်းတို့အတွက် အစားအသောက် လိုအပ်တာ လေးတွေသွားလှူတာ Covid ကာလဆိုတော့ ဘုန်းကြီးကျောင်းအထဲမဝင်ရဘူး အပြင်က ခြင်းတောင်းလေးမှာပဲထည့်ခဲ့ရတယ် ဘုန်းဘုန်းက ထွက်နှူတ်ဆက်တော့ လမ်းမပေါ်ကပဲထိုင်ကန်တော့ခဲ့တယ် နှစ်သစ်ဦး ကိုယ်တိုင်ကိုယ်ကျ ဆွမ်းကပ်ချင်တာ ဒီကာလ ကြီးပြီးမှပဲကပ်ရတော့မယ် ” ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။

Happy – Cele Zone
Photo – Ye Htoo Win

(ဇော်ဂျီဖြင့်ဖတ်ရန်)

အေမရိကန္က ဘုန္းေတာ္ႀကီးေက်ာင္းတစ္ခုကို အစားအေသာက္နဲ႔ လိုအပ္တာေလးေတြ သြားလႉခဲ့တဲ့ ဥကၠာမင္းေမာင္

အေမရိကန္ႏိုင္ငံ နယူးေယာက္ျမိဳ႕မွာ ခ်စ္သူနဲ႔အတူေနထိုင္တဲ့ သရုပ္ေဆာင္ဥကၠာမင္းေမာင္ တစ္ေယာက္ Covid ကာမွာ ဗုဒၶဘာသာဘုန္းၾကီးေက်ာင္းတစ္ခုကို အစားအေသာက္နဲ႔ လိုအပ္တာေလးေတြ သြားေရာက္လွဴတန္းခဲ့ပါတယ္။ ေရာဂါ ျဖစ္ေနတဲ့ကာလဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ေက်ာင္းထဲဝင္ခြင့္မရဘဲ အျပင္ကဆြဲျခင္းထဲမွာပဲ ထည့္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ႏွစ္သစ္အလွဴအျဖစ္နဲ႔ လွဴခ်င္ေပမယ့္ အခုလိုေရာဂါေတြျဖစ္ေနခ်ိန္ဆိုေတာ့လည္း အေျခအေနၾကည့္ျပီး အဆင္ေျပ သလိုလွဴတန္းခဲ့တဲ့အေၾကာင္း ေျပာခဲ့ပါေသးတယ္။ လက္ရွိမွာေတာ့ ကိုယ္ခ်စ္တဲ့သူနဲ႔အတူတူေနရတဲ့အျပင္ အိမ္မွာရွိတဲ့ ေခြး ေပါက္ေလး သံုးေကာင္ေၾကာင့္လည္း ဥကၠာမင္းေမာင္တစ္ေယာက္ အေပ်ာ္ၾကီးေပ်ာ္ေနခဲ့ရပါတယ္။

ႏွစ္ဦးအလွဴပံုရိပ္ေလးကို ” ဒီေန႔ New York ၿမိဳ႕မွာရွိတဲ့ ျမန္မာဘုန္းႀကီးေက်ာင္းကို ဘုန္းဘုန္းတို႔အတြက္ အစားအေသာက္လိုအပ္တာေလးေတြသြားလႉတာ Covid ကာလဆိုေတာ့ ဘုန္းႀကီးေက်ာင္းအထဲမဝင္ရဘူး အျပင္က ျခင္း ေတာင္းေလးမွာပဲထည့္ခဲ့ရတယ္ ဘုန္းဘုန္းက ထြက္ႏႉတ္ဆက္ေတာ့ လမ္းမေပၚကပဲထိုင္ကန္ေတာ့ခဲ့တယ္ ႏွစ္သစ္ဦး ကိုယ္တိုင္ကိုယ္က် ဆြမ္းကပ္ခ်င္တာ ဒီကာလ ႀကီးၿပီးမွပဲကပ္ရေတာ့မယ္ ” ဆိုျပီး ေဝမွ်ထားတာပဲျဖစ္ပါတယ္။

Happy – Cele Zone
Photo – Ye Htoo Win