မတူတဲ့ပုံစံတွေနဲ့ ရင်ခုန်ချင်စရာ ကကွက်တွေဖန်တီးလိုက်တဲ့ ဝါဆိုးမိုးဦးတို့ညီမလေးယောက်

Posted on

အနုပညာဝါသနာပါတဲ့ဝါဆို့ရဲ့ညီမသုံးယောက်ကို ဝါဆိုကတော့ အမကြီးအမိရာပီပီသသနဲ့ လက်တွဲခေါ်ခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဆယ်ကျော်သက်အရွယ်ကတည်း အနုပညာလောကမှာ စတင်လျှောက်လှမ်းနေရပြီဖြစ်ပြီး နေရာတစ်နေရာ အတည်တကျရလာတဲ့ အချိန်မှာတော့ ညီမသုံးယောက်ကို လက်တွဲခေါ်ယူခဲ့ပါတယ်။

ချစ်သူကလည်း ဂီတလောကထဲက အဆိုတော်ဖြိုးလေးဖြစ်ပြီး နှစ်ယောက်သားလက်တွဲခဲ့တဲ့ သက်တမ်းဟာလည်း လေးနှစ်ကျော် လာခဲ့ပြီဖြစ်ပါတယ်။ ဝါဆိုတို့ညီမလေးယောက် စုပေါင်းပြီး လုပ်ထားတဲ့ အက ဗီဒီယိုလေးကိုလည်း ပရိသတ်တွေကမျှော်လင့်နေကြပါ သေးတယ်။ လက်ရှိမှာတော့ ညီမလေးယောက်လုံး အိမ်ထဲမှာပဲနေရတဲ့ကာလဖြစ်တာမို့ Tik Tok က သီချင်းလေးတွေနဲ့ တစ်ယောက် တစ်မျိုး မတူအောင် က ထားတဲ့ ဗီဒီယိုလေးတွေကို ဝါဆိုက လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။

 

မတူညီတဲ့အလှတရားတွေလည်းရှိသလို မတူညီတဲ့ ကကွက်ဆန်းတွေနဲ့ အားလုံးကို ရင်ခုန်အောင် ဖမ်းစားနိုင်လွန်းတဲ့ နတ်မိမယ် လေးယောက်ရဲ့ ဗီဒီယိုလေးတွေကို ” ညီမလေးယောက် တစ်ယောက်တစ်ပုံစံစီလေးပါပဲ အကဝါသနာပါသူတွေအတွက် TikTok ရိုက်ရတာ အဆင်ပြေ ချက်ပဲ ” ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။ အကတွေက မိမိုက်လွန်းနေလို့ ဘယ်သူကအလှဆုံး ဆိုတာတောင် မရွေးတတ်တော့တဲ့အထိပါပဲ။

Happy – Cele Zone
Photo – Warso Moe Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)

မတူတဲ့ပုံစံေတြနဲ႔ ရင္ခုန္ခ်င္စရာ ကကြက္ေတြဖန္တီးလိုက္တဲ့ ဝါဆိုးမိုးဦးတို႔ညီမေလးေယာက္

အႏုပညာဝါသနာပါတဲ့ဝါဆို႔ရဲ႕ညီမသုံးေယာက္ကို ဝါဆိုကေတာ့ အမႀကီးအမိရာပီပီသသနဲ႔ လက္တြဲေခၚခဲ့ပါတယ္။ ကိုယ္တိုင္လည္း ဆယ္ေက်ာ္သက္အ႐ြယ္ကတည္း အႏုပညာေလာကမွာ စတင္ေလွ်ာက္လွမ္းေနရၿပီျဖစ္ၿပီး ေနရာတစ္ေနရာ အတည္တက်ရလာတဲ့ အခ်ိန္မွာေတာ့ ညီမသုံးေယာက္ကို လက္တြဲေခၚယူခဲ့ပါတယ္။

ခ်စ္သူကလည္း ဂီတေလာကထဲက အဆိုေတာ္ၿဖိဳးေလးျဖစ္ၿပီး ႏွစ္ေယာက္သားလက္တြဲခဲ့တဲ့ သက္တမ္းဟာလည္း ေလးႏွ စ္ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။ ဝါဆိုတို႔ညီမေလးေယာက္ စုေပါင္းၿပီး လုပ္ထားတဲ့ အက ဗီဒီယိုေလးကိုလည္း ပရိသတ္ေတြ ကေမွ်ာ္လင့္ေနၾကပါေသးတယ္။ လက္ရွိမွာေတာ့ ညီမေလးေယာက္လုံး အိမ္ထဲမွာပဲေနရတဲ့ကာလျဖစ္တာမို႔ Tik Tok က သီခ်င္း ေလးေတြနဲ႔ တစ္ေယာက္တစ္မ်ိဳး မတူေအာင္ က ထားတဲ့ ဗီဒီယိုေလးေတြကို ဝါဆိုက လူမႈကြန္ယက္မွာ ေဝမွ်ခဲ့ပါတယ္။

မတူညီတဲ့အလွတရားေတြလည္းရွိသလို မတူညီတဲ့ ကကြက္ဆန္းေတြနဲ႔ အားလုံးကို ရင္ခုန္ေအာင္ ဖမ္းစားႏိုင္လြန္းတဲ့ နတ္မိမယ္ေလးေယာက္ရဲ႕ ဗီဒီယိုေလးေတြကို ” ညီမေလးေယာက္ တစ္ေယာက္တစ္ပုံစံစီေလးပါပဲ အကဝါသနာပါသူေတြ အတြက္ TikTok ႐ိုက္ရတာ အဆင္ေျပ ခ်က္ပဲ ” ဆိုၿပီး ေဝမွ်ထားတာပဲျဖစ္ပါတယ္။ အကေတြက မိမိုက္လြန္းေနလို႔ ဘယ္သူက အလွဆုံး ဆိုတာေတာင္ မေ႐ြးတတ္ေတာ့တဲ့အထိပါပဲ။

Happy – Cele Zone
Photo – Warso Moe Oo