နှစ်ဆန်းတစ်ရက်နေ့မှာ အိမ်မှာပဲနေရင်း ကောင်းမှုကုသိုလ်တွေလုပ်နေတဲ့ မိုးယုစံတို့မိသားစု

Posted on

အပြင်မထွက်ရတဲ့နှစ်သစ်နေ့ရက်တွေမှာ လူတိုင်းလိုလိုက ကိုယ့်အိမ်မှာပဲကိုယ် ကောင်းမှု ကုသိုလ် တွေလုပ်ကြပါတယ်။ ဒီတစ်ခေါက်မှာ လည်း မိုးယုတို့မိသားစုသုံးယောက်အတူ နေအိမ် ကဘုရားဆင်းတုတော်တွေနဲ့ ဘုရားကျောင်းဆောင်ကို ရောင်တော်ဖွင့်ပြီး ရေသပ္ပါယ်ခဲ့ ကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။

 

လိမ္မာယဉ်ကျေးအောင်သွန်သင်ပြနိုင်တဲ့ မေမေမိုးယုရဲ့ဆုံးမမှုအောက်မှာ သားလေးကလည်း လူလိမ္မာလေးအဖြစ်နဲ့ မိဘတွေနဲ့အတူ ကောင်းမှုကုသိုလ်တွေလုပ်နေတာပဲဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေသိပ်မလုပ်တော့ဘဲ မိသားစုအတွက် အချိန်တွေပိုပေးခဲ့တဲ့ မိုးယုအတွက်တော့ သားလိမ္မာလေးက တန်ပြန်ဆုလာဒ်တစ်ခုပါပဲ။

 

မိသားစုသုံးယောက်အတူတူ ကုသိုလ်လုပ်နေကြတဲ့ ပုံရိပ်လေးတွေကို ” နှစ်သစ်အချိန်မှစ၍ (၇) ရက်သားသမီးအားလုံး ကပ်ရောဂါဘေး မှကင်းဝေးပြီး ကျန်းမာချမ်းသာပြီး ကံကောင်းမှုတွေ ရရှိကြပါစေ ” ဆိုပြီး နှစ်သစ်ဆုတောင်းလေးနဲ့ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း နှစ်သစ်မှာစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး ရောဂါဘယတွေ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက် ပါတယ်။

 

Happy – Cele Zone
Photo – Moe Yu San

(ဇော်ဂျီဖြင့်ဖတ်ရန်)

ႏွစ္ဆန္းတစ္ရက္ေန႔မွာ အိမ္မွာပဲေနရင္း ေကာင္းမႈကုသိုလ္ေတြလုပ္ေနတဲ့ မိုးယုစံတို႔မိသားစု

အျပင္မထြက္ရတဲ့ႏွစ္သစ္ေန႔ရက္ေတြမွာ လူတိုင္းလိုလိုက ကိုယ့္အိမ္မွာပဲကိုယ္ ေကာင္းမႈ ကုသိုလ္ ေတြလုပ္ၾကပါတယ္။ ဒီတစ္ေခါက္မွာလည္း မိုးယုတို႔မိသားစုသုံးေယာက္အတူ ေနအိမ္ ကဘုရားဆင္းတုေတာ္ေတြနဲ႔ ဘုရားေက်ာင္းေဆာင္ကို ေရာင္ေတာ္ဖြင့္ျပီး ေရသပၸါယ္ခဲ့ၾကတဲ့ ၾကည္ႏူးစရာပံုရိပ္ေလးေတြကို ေဝမွ်လိုက္တာပဲ ျဖစ္ပါတယ္။

လိမၼာယဥ္ေက်းေအာင္သြန္သင္ျပႏိုင္တဲ့ ေမေမမိုးယုရဲ႕ဆံုးမမႈေအာက္မွာ သားေလးကလည္း လူလိမၼာေလးအျဖစ္နဲ႔ မိဘေတြနဲ႔အတူ ေကာင္းမႈကုသိုလ္ေတြလုပ္ေနတာပဲျဖစ္ပါတယ္။ အိမ္ေထာင္ျပဳျပီးေနာက္ပိုင္း အႏုပညာအလုပ္ ေတြသိပ္မလုပ္ေတာ့ဘဲ မိသားစုအတြက္ အခ်ိန္ေတြပိုေပးခဲ့တဲ့ မိုးယုအတြက္ေတာ့ သားလိမၼာေလးက တန္ျပန္ဆုလာဒ္တစ္ခုပါပဲ။

မိသားစုသုံးေယာက္အတူတူ ကုသိုလ္လုပ္ေနၾကတဲ့ ပုံရိပ္ေလးေတြကို ” ႏွစ္သစ္အခ်ိန္မွစ၍ (၇) ရက္သားသမီးအားလုံး ကပ္ေရာဂါ ေဘးမွကင္းေဝးၿပီး က်န္းမာခ်မ္းသာၿပီး ကံေကာင္းမႈေတြ ရရွိၾကပါေစ ” ဆိုၿပီး ႏွစ္သစ္ဆုေတာင္းေလးနဲ႔ ေဝမွ်ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီး လည္း ႏွစ္သစ္မွာစိတ္ခ်မ္းသာ ကိုယ္က်န္းမာရွိၿပီး ေရာဂါဘယေတြ ကင္းေဝးၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – Moe Yu San