ကြည်နူးစရာကုသိုလ်လေးကို အတူတူပြုခဲ့ကြတဲ့ ခိုင်သင်းကြည်တို့မိသားစုသုံးယောက်

Posted on

နှစ်စဉ်နှစ်တိုင်း နှစ်ဆန်းတစ်ရက်နေ့ရောက်ရင် စောင်တွေ ခြင်ထောင်တွေလည်းလျှော်ကြသလို ပရိတ်တရားတွေနာယူပြီး ဘုရားသွား အလှူလုပ်ကာ ကုသိုလ်ယူတတ်ကြပါတယ်။ ဒီနှစ်မှာတော့ အိမ်ပြင်မထွက်ရတာမို့ နေအိမ်မှာရှိတဲ့ဘုရားဆင်းတုတော်တွေကိုပဲ ရောင်တောင်ဖွင့် ရေသပ္ပါယ် ပြီး ကုသိုလ်ယူကြတာပါတယ်။ ဒီထဲမှာ မခိုင်လေးတို့မိသားစုလည်း အပါအဝင်ပါပဲ။

ကိုယ်တိုင်လည်းဘုရားတရားကိုင်းရှိုင်းသလို သမီးလေးကိုလည်း ဘုရားတရားလုပ်စေတဲ့ ထိန်းသိမ်းမှုကောင်းမွန်တဲ့ မေမေ ခိုင်သင်းကြည်ကတော့ တကယ်ကိုတော်လွန်းတဲ့ မိခင်တစ်ယောက်ပါပဲ။ ဒီနေ့မှာလည်း မိသားစုသုံးယောက်အတူတူ ကိုယ့်အိမ်မှာပဲကိုယ် ကောင်းမှုကုသိုလ်လေးတွေလုပ်ရင်း နှစ်သစ်ကို ကျက်သရေရှိရှိ ဖြတ်သန်းကြပါတယ်။

 

မိသားစုတွေရဲ့ ကြည်နူးစရာအခိုက်အတန့်လေးကို ” ယနေ့မြန်မာနှစ်ဆန်း၁ရက်နေ့တွင် မြတ်စွာဘုရားအားပဌာန်းရွတ်ဖတ်ပူဇော်ပါသည် ဘုရားဆင်းတုတော်များနှင့် ဘုရားကျောင်း ဆောင်အားရောင်တော်ဖွင့်,အမွှေးဆပ်ပြာဖြင့်ရေသပ္ပါယ်ပြီး သန့်ရှင်းရေးလုပ်ကာ ပူဇော်ပါ သည် ထိုပြုသမျှကုသိုလ်ကြောင့် တပည့်တော်မမိသားစုနှင့် ကမ္ဘာသူကမ္ဘာသားအပေါင်း မြန်မာ ပြည်သူ ပြည်သားအပေါင်း ယနေ့ နှစ်ဆန်းတရက်နေ့မှစပြီး တနှစ်ပတ်လုံး စိတ်ဖြူဖုံး,ရွှင်ပြုံးကြည်သာရှိ ပါစေ,ကုသိုလ်ကျန်းမာပညာစီပွါးဒီရေလားတိုးပွါးကြပါစေ ဗိုင်းရပ်ရောဂါဆိုး အန္တရာယ်မှလည်း ကင်းဝေးကြပါစေရှင် ” ဆိုပြီး ဝေမျှထားတာပဲ ဖြစ်ပါတယ်။

Happy – Cele Zone
Photo – Khine Thin Kyi

(ဇော်ဂျီဖြင့်ဖတ်ရန်)

ၾကည္ႏူးစရာကုသိုလ္ေလးကို အတူတူျပဳခဲ့ၾကတဲ့ ခိုင္သင္းၾကည္တို႔မိသားစုသုံးေယာက္

ႏွစ္စဥ္ႏွစ္တိုင္း ႏွစ္ဆန္းတစ္ရက္ေန႔ေရာက္ရင္ ေစာင္ေတြ ျခင္ေထာင္ေတြလည္းေလွ်ာ္ၾကသလို ပရိတ္တရားေတြနာ ယူၿပီး ဘုရားသြား အလႉလုပ္ကာ ကုသိုလ္ယူတတ္ၾကပါတယ္။ ဒီႏွစ္မွာေတာ့ အိမ္ျပင္မထြက္ရတာမို႔ ေနအိမ္မွာရွိတဲ့ဘုရားဆင္းတု ေတာ္ေတြကိုပဲ ေရာင္ေတာင္ဖြင့္ ေရသပၸါယ္ ၿပီး ကုသိုလ္ယူၾကတာပါတယ္။ ဒီထဲမွာ မခိုင္ေလးတို႔မိသားစုလည္း အပါအဝင္ပါပဲ။

ကိုယ္တိုင္လည္းဘုရားတရားကိုင္းရႈိင္းသလို သမီးေလးကိုလည္း ဘုရားတရားလုပ္ေစတဲ့ ထိန္းသိမ္းမႈေကာင္းမြန္တဲ့ ေမေမခိုင္သင္းၾကည္ကေတာ့ တကယ္ကိုေတာ္လြန္းတဲ့ မိခင္တစ္ေယာက္ပါပဲ။ ဒီေန႔မွာလည္း မိသားစုသုံးေယာက္အတူတူ ကိုယ့္အိမ္မွာ ပဲကိုယ္ ေကာင္းမႈကုသိုလ္ေလးေတြလုပ္ရင္း ႏွစ္သစ္ကို က်က္သေရရွိရွိ ျဖတ္သန္းၾကပါတယ္။

မိသားစုေတြရဲ႕ ၾကည္ႏူးစရာအခိုက္အတန႔္ေလးကို ” ယေန႔ျမန္မာႏွစ္ဆန္း၁ရက္ေန႔တြင္ ျမတ္စြာဘုရားအားပဌာန္း ႐ြတ္ ဖတ္ပူေဇာ္ပါသည္ ဘုရားဆင္းတုေတာ္မ်ားႏွင့္ ဘုရားေက်ာင္း ေဆာင္အားေရာင္ေတာ္ဖြင့္, အေမႊးဆပ္ျပာျဖင့္ ေရသပၸါယ္ၿပီးသန႔္ရွင္းေရးလုပ္ကာပူေဇာ္ပါသည္ ထိုျပဳသမွ်ကုသိုလ္ေၾကာင့္ တပည့္ေတာ္မမိသားစုႏွင့္ ကမာၻသူက မာၻသားအေပါင္း ျမန္မာ ျပည္သူ ျပည္သားအေပါင္းယေန႔ႏွစ္ဆန္းတရက္ေန႔မွစၿပီး တႏွစ္ပတ္လုံး စိတ္ျဖဴဖုံး,႐ႊင္ၿပဳံးၾကည္သာရွိ ပါေစ,ကုသိုလ္က်န္းမာပညာစီပြါးဒီေရလားတိုးပြါးၾကပါေစ ဗိုင္းရပ္ေရာဂါဆိုး အႏၲရာယ္မွလည္း ကင္းေဝးၾကပါေစရွင္ ” ဆိုၿပီး ေဝမွ်ထားတာပဲ ျဖစ္ပါတယ္။

Happy – Cele Zone
Photo – Khine Thin Kyi