နှစ်သစ်အလှူအဖြစ် ထမင်းဗူးတွေ ရာနဲ့ချီ လှူတန်းခဲ့တဲ့ စမိုင်းလ်

Posted on

အမြဲတမ်းလှူတန်းနေတဲ့စေတနာရှင်မလေးစမိုင်းလ်ကတေ့ာ ဒီတစ်ခေါက်မှာလည်း နှစ်ဆန်းတစ်ရက်နေ့အလှူအဖြစ်နဲ့ ထမင်းဗူး (၁၀၀) လှူတန်းခဲ့ပြန်ပါသေးတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ရောဂါနဲ့ပတ်သက်ပြီး အားလုံးအပြင်မထွက်ဘဲ အိမ်ထဲမှာ နေနိုင်ဖို့အရေး ဝိုင်းဝန်း လှူတန်းမှုတွေလုပ်နေကြပြီး စမိုင်းလ်ကလည်း ကိုယ်တတ်နိုင်တဲ့ဖက်က အမြဲလိုလို လှူတန်းပေးနေသူတစ်ယောက်ပါ။

ဆေးပစ္စည်းဆိုလည်းလှူတန်းပေးသလို စားနပ်ရိက္ခာတွေကိုလည်း အခြေခံလူတန်းစားတွေ အတွက် ထောက်ပံ့ပေးခဲ့ပါသေးတယ်။ လှူချင်တဲ့အချိန်မှာ လှူချင်တဲ့နေရာတိုင်းကို လှူချင်တဲ့ပုံစံတိုင်းနဲ့ လှူတန်းနိုင်တာဟာလည်း တကယ်ကိုကုသိုလ်ထူးတာပဲနော်။ ပျော်စရာ မိသားစုဘဝလေးမှာ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားပြီး ချစ်စရာသမီးလေးနှစ်ယောက် ကြောင့်လည်း အပြုံးတွေက ပိုပြီးအသက်ဝင်လာ ခဲ့ပါတယ်။

အနုပညာအလုပ်တွေကိုရပ်နားလိုက်ပြီး မိသားစုအတွက်အချိန်ပေးပြီးနောက်မှာတော့ သူမရဲ့ အနုပညာခြေလှမ်းအသစ်ကို ရုပ်ရှင် ဇာတ်ကားအသစ်နဲ့ ပြန်လည်စတင်တော့မှာပါ။ လိုအပ်တဲ့ နေရာတိုင်းလိုလို လှူတန်းနေတာမို့ အလှူနဲ့စမိုင်းလ်နဲ့ဆိုတာ ခွဲလို့တောင်မရ လောက်အောင်ပါပဲ။ သာဓုပါစမိုင်းရေ နောက်ထပ်လည်းလှူတန်းမှုတွေ ဆက်လုပ်နိုင်ပါစေနော်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

ႏွစ္သစ္အလႉအျဖစ္ ထမင္းဗူးေတြ ရာနဲ႔ခ်ီ လႉတန္းခဲ့တဲ့ စမိုင္းလ္

အၿမဲတမ္းလႉတန္းေနတဲ့ေစတနာရွင္မေလးစမိုင္းလ္ကေတ့ာ ဒီတစ္ေခါက္မွာလည္း ႏွစ္ဆန္းတစ္ရက္ေန႔အလႉအျဖစ္နဲ႔ ထမင္းဗူး (၁၀၀) လႉတန္းခဲ့ျပန္ပါေသးတယ္။ လက္ရွိျဖစ္ပြားေနတဲ့ ေရာဂါနဲ႔ပတ္သက္ၿပီး အားလုံးအျပင္မထြက္ဘဲ အိမ္ထဲမွာ ေနႏိုင္ဖို႔ အေရး ဝိုင္းဝန္းလႉတန္းမႈေတြလုပ္ေနၾကၿပီး စမိုင္းလ္ကလည္း ကိုယ္တတ္ႏိုင္တဲ့ဖက္က အၿမဲလိုလို လႉတန္းေပးေနသူ တစ္ေယာက္ပါ။

ေဆးပစၥည္းဆိုလည္းလႉတန္းေပးသလို စားနပ္ရိကၡာေတြကိုလည္း အေျခခံလူတန္းစားေတြ အတြက္ ေထာက္ပံ့ေပး ခဲ့ပါေသးတယ္။ လွဴခ်င္တဲ့အခ်ိန္မွာ လွဴခ်င္တဲ့ေနရာတိုင္းကို လွဴခ်င္တဲ့ပံုစံတိုင္းနဲ႔ လွဴတန္းႏိုင္တာဟာလည္း တကယ္ကိုကုသိုလ္ထူးတာပဲ ေနာ္။ ေပ်ာ္စရာမိသားစုဘဝေလးမွာ ခင္ပြန္းေကာင္းကိုပိုင္ဆိုင္ထားျပီး ခ်စ္စရာသမီးေလးႏွစ္ေယာက္ ေၾကာင့္လည္း အျပံဳး ေတြက ပိုျပီးအသက္ဝင္လာခဲ့ပါတယ္။

အႏုပညာအလုပ္ေတြကိုရပ္နားလိုက္ျပီး မိသားစုအတြက္အခ်ိန္ေပးျပီးေနာက္မွာေတာ့ သူမရဲ႕ အႏုပညာေျခလွမ္းအသစ္ကို ရုပ္ရွင္ဇာတ္ကားအသစ္နဲ႔ ျပန္လည္စတင္ေတာ့မွာပါ။ လိုအပ္တဲ့ ေနရာတိုင္းလိုလို လွဴတန္းေနတာမို႔ အလွူနဲ႔စမိုင္းလ္နဲ႔ဆိုတာ ခြဲလို႔ေတာင္မရေလာက္ေအာင္ပါပဲ။ သာဓုပါစမိုင္းေရ ေနာက္ထပ္လည္းလွဴတန္းမႈေတြ ဆက္လုပ္ႏိုင္ပါေစေနာ္။

Happy – Cele Zone
Photo – Smile