လက်ရှိခေတ်စားနေတဲ့ ချဲလန့်လေးမှာ ဝင်ပါလိုက်တဲ့ သရုပ်ဆောင်အိအိတုန်ရဲ့ ချစ်စရာသမီးလေး

Posted on

ဇာတ်ပို့အဖြစ်နဲ့ အနုပညာအလုပ်တွေကို အချိန်အကြာကြီးလုပ်ခဲ့ပြီး လက်ရှိအချိန်ထိလည်း အနုပညာကိုချစ်မြတ်နိုးပြီး သရုပ်ဆောင်ခွင့် ရတိုင်း ကြိုးစားနေခဲ့တဲ့ ဇာတ်ပို့အိအိတုန်ဟာ ပျော်စရာမိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ပြီး ချစ်စဖွယ်သမီးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ မေမေတစ်ယောက်ပါ။ အနုပညာအလုပ်တွေ နားနေတဲ့အချိန်မှာတော့ အွန်လိုင်းရှော့လုပ်ပြီး အားပေးသူတွေကြောင့် အဆင်ပြေတဲ့အနေအထားတစ်ခုမှာ ရပ်တည်နေခဲ့ပါတယ်။

 

 

ဝါဆိုကစလိုက်တဲ့ချဲလန့်လေးဟာ အနုပညာရှင်တော်တော်များများပါဝင်ခဲ့ပြီး ဒီချဲလန့်လေးကတော့ အမျိုးသမီးတွေအတွက်ပိုပြီး သင့်တော်တဲ့ ချဲလန့်တစ်ခုပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ချောရတနာရဲ့သမီးလေး Co Co တစ်ယောက် စတိုင်ကျကျနဲ့ ချဲလန့်လေးမှာ ပါဝင်ခဲ့တဲ့ ပုံလေးကိုကြည့်ပြီး လုပ်ချင်တယ်ဆိုတဲ့ သမီးလေးကြောင့် မေမေအိတုန်က စိတ်တိုင်းကျအောင် လုပ်ပေးခဲ့ပါတယ်။

 

သမီးလေးရဲ့ချစ်စရာပုံရိပ်လေးကို ” မမချောရတနာသမီးလေးတင်ထားသလိုလုပ်ချင်တယ် ဆိုလို့လေလုပ်ပေးရတာကျန်းမာရေး ဝန်ထမ်းအားလုံးကိုဂုဏ်ပြုပါတယ်လေးစားပါတယ် ” ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ချစ်စရာသမီးလေးကတော့ အရမ်းကို ချောလွန်းလို့ ကြီးလာရင် မင်းသမီးဖြစ်မယ်လို့တောင် အားလုံးကခန့်မှန်းနေကြပါသေးတယ်။

 

Happy – Cele Zone
Photo – Ei Ei Tone

(ဇော်ဂျီဖြင့်ဖတ်ရန်)

လက္ရွိေခတ္စားေနတဲ့ ခ်ဲလန႔္ေလးမွာ ဝင္ပါလိုက္တဲ့ သ႐ုပ္ေဆာင္အိအိတုန္ရဲ႕ ခ်စ္စရာသမီးေလး

ဇာတ္ပို႔အျဖစ္နဲ႔ အႏုပညာအလုပ္ေတြကို အခ်ိန္အၾကာႀကီးလုပ္ခဲ့ၿပီး လက္ရွိအခ်ိန္ထိလည္း အႏုပညာကိုခ်စ္ျမတ္ႏိုးၿပီး သ႐ုပ္ေဆာင္ခြင့္ရတိုင္း ႀကိဳးစားေနခဲ့တဲ့ ဇာတ္ပို႔အိအိတုန္ဟာ ေပ်ာ္စရာမိသားစုဘဝေလးကိုတည္ေဆာက္ထားႏိုင္ၿပီး ခ်စ္စဖြယ္သမီး ေလးကိုလည္း ပိုင္ဆိုင္ထားတဲ့ ေမေမတစ္ေယာက္ပါ။ အႏုပညာအလုပ္ေတြ နားေနတဲ့အခ်ိန္မွာေတာ့ အြန္လိုင္းေရွာ့လုပ္ၿပီး အားေပးသူေတြေၾကာင့္ အဆင္ေျပတဲ့အေနအထားတစ္ခုမွာ ရပ္တည္ေနခဲ့ပါတယ္။

ဝါဆိုကစလိုက္တဲ့ခ်ဲလန႔္ေလးဟာ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားပါဝင္ခဲ့ၿပီး ဒီခ်ဲလန႔္ေလးကေတာ့ အမ်ိဳးသမီးေတြအတြက္ပို ၿပီးသင့္ေတာ္တဲ့ ခ်ဲလန႔္တစ္ခုပါ။ ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္က ေခ်ာရတနာရဲ႕သမီးေလး Co Co တစ္ေယာက္ စတိုင္က်က်နဲ႔ ခ်ဲလန႔္ေလးမွာ ပါဝင္ခဲ့တဲ့ ပုံေလးကိုၾကည့္ၿပီး လုပ္ခ်င္တယ္ဆိုတဲ့ သမီးေလးေၾကာင့္ ေမေမအိတုန္က စိတ္တိုင္းက်ေအာင္ လုပ္ေပးခဲ့ပါတယ္။

သမီးေလးရဲ႕ခ်စ္စရာပုံရိပ္ေလးကို ” မမေခ်ာရတနာသမီးေလးတင္ထားသလိုလုပ္ခ်င္တယ္ ဆိုလို႔ေလလုပ္ေပးရတာက်န္းမာေရး ဝန္ထမ္းအားလုံးကိုဂုဏ္ျပဳပါတယ္ေလးစားပါတယ္ ” ဆိုၿပီး လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။ ခ်စ္စရာသမီးေလးကေတာ့ အရမ္းကို ေခ်ာလြန္းလို႔ ႀကီးလာရင္ မင္းသမီးျဖစ္မယ္လို႔ေတာင္ အားလုံးကခန႔္မွန္းေနၾကပါေသးတယ္။

Happy – Cele Zone
Photo – Ei Ei Tone