မင်းသားချောနှစ်ယောက်နဲ့အတူ ပဟေဠိတွေဝှက်ပြီး ရိုက်ထားတဲ့ အခွီတလိုင်းTik Tokလေးကိုမျှဝေလိုက်တဲ့ ခြူးလေး

Posted on

MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေတစ်ဆင့် လူသိများလာပြီးတော့ ပရိတ်သတ်တွေရဲ့ နှလုံးသားထဲကို သိမ်းပိုက်သွားနိုင်ခဲ့တဲ့ သူလေးကတော့ သရုပ်ဆောင်ခြူးလေးပဲဖြစ်ပါတယ်နော်။ သူ့မရဲ့ အနုပညာကိုတန်ဖိုးထားတဲ့စိတ်နဲ့‌စေတနာပါတဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်အချိန်တိုတိုအတွင်းမှာအောင်မြင်လာခဲ့ပြီး ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာကို ထိုက်တန်စွာပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ သဘာဝအကျဆုံးဖြစ်အောင်ကြိုးစားသရုပ်ဆောင်နိုင်သူလေးလည်းဖြစ်သလို သူမရဲ့ အကယ်ဒမီရှော့ခ်အိုက်တင်လေးတွေကလည်း ချစ်ပရိတ်သတ်တွေကိုအကြိုက်တွေ့စေခဲ့ပြန်ပါတယ်နော်။ ဒီလိုအောင်မြင်မှုမှတ်တိုင်လေးတွေကို စိုက်ထူထားနိုင်ခဲ့တဲ့သူမဟာ အခုအချိန်မှာ အနုပညာခြေလှမ်းလေးတွေကို ခပ်သွက်သွက်လှမ်းနေခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိပါတယ်နော်။

သူမဟာမကြာခဏဆိုသလို TikTok လေးတွေကစားပြီးတော့ သူမချစ်တဲ့ပရိသတ်တွေကိုမျှဝေပေးလေ့ရှိပါတယ်။ အခုတစ်‌‌ခါမှာလည်း သူမဟာ နာမည်ကြီးဟာသလေးတွေနဲ့ အခွီတစ်လိုင်းTikTokလေးဖန်တီးကာ ချစ်ပရိသတ်တို့အမော‌‌ပြေအောင် သူမရဲ့လူမှုစာမျက်နှာကနေတစ်ဆင့် တင်ပေးထားခဲ့တာပဲဖြစ်ပါတယ်။ ‌‌‌‌ကဲ…. သူငယ်ချင်း သရုပ်ဆောင်မင်းသားချောနှစ်ယောက်နဲ့အတူတူလိုက်ဖက်ညီညီ သရုပ်ဆောင်ထားတဲ့ ခြူးလေးရဲ့ TikTokဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တို့အတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Chue Chue

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)




