ဒီနေ့မှာ အသက်(၅၃) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်ရဲ့အချစ်တော်ဦးခင်လှိုင်

Posted on

ဒီနေ့ကတော့ မြန်မာတို့ရဲ့ နှစ်သစ်ကူးအခါသမယ နှစ်ဆန်းတစ်ရက်နေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့လေးကတော့ မြန်မာလူမျိုးတွေအတွက် နှစ်သစ်စတင်ရာနေ့လေးတစ်နေ့လည်း ဖြစ်တာမို့ နေ့ထူးနေ့မြတ်လေးတစ်ရက်ဆိုရင်လည်း မမှားပါဘူး။

ဒီနေ့နှစ်ဆန်းတစ်ရက်နေ့လေးမှာတော့ ခင်လှိုင်က အသက်(၅၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူကတော့ အောင်မြင်တဲ့ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပါ။ နှစ်စဉ်နှစ်တိုင်း မွေးနေ့မှာစတုဒီသာကျွေးလေ့ရှိသော်လည်း ဒီနှစ်မှာတော့ လူစုလူဝေးလုပ်လို့မရတာကြောင့် တည်ငြိမ်အေးချမ်းသွားတဲ့အချိန်မှ လိုအပ်နေသူတွေကို ဆန်တွေ၊ ဆီတွေသွားရောက်လှူဒါန်းပေးမယ်လို့ သိရပါတယ်။

ဒီနေ့ သူ့ရဲ့မွေးနေ့လေးမှာတော့ မနက်မိုးလင်းကတည်းက အိမ်ကဘုရားမှာပဲ ပန်းစေတီ၊ဆီမီးစေတီ၊ ရေချမ်းစေတီတည်ပြီး လှူခဲ့တဲ့အပြင် မြတ်စွာဘုရားနဲ့ သံဃာတော်တွေအတွက် ရည်စူးပြီး အုန်းနို့ခေါက်ဆွဲချက်ကာ လှူဒါန်းပေးခဲ့ပါတယ်။ ဘာသာတရားအထူးရိုသေကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်တာမို့ မွေးနေ့မနက်ခင်းမှာ ကောင်းမှုကုသိုလ်လုပ်ခဲ့ပြီးနောက်မှာတော့ ချစ်ရတဲ့ပရိသတ်တွေနဲ့ Fb Live လွှင့်ပြီး စကားပြောခဲ့တာမို့ ဦးခင်လှိုင်ရဲ့ချစ်ပရိသတ်ကြီးအတွက် Live Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Khin Hlaing
Ki Ki – Cele Zone