စိတ်ပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ်ရှင်းပြခဲ့တဲ့ ယွန်းယွန်းရဲ့ Live ဗီဒီယို

Posted on

ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာနဲ့ပတ်သက်တဲ့ဘာသာရပ်နဲ့ဘွဲ့ရထားပြီး ကိုယ်တိုင်လည်း စိတ်ပညာကို လေ့လာလိုက်စားတဲ့ ယွန်းယွန်း တစ်ယောက် သူမ လေ့လာထားတဲ့ပညာရပ်တွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ပြန်လည်ဝေမျှခဲ့ပါတယ်။ သိချင်တဲ့သူတွေကလည်း ကိုယ်ခံစား ရတာတွေနဲ့ပတ်သက်ပြီးမေးမြန်းခဲ့တာတွေကို ယွန်းယွန်းကလည်း သိသလောက်ပြန်ပြောပြခဲ့ ပါတယ်။

လူတိုင်းလိုလိုသတိမထားမိဘဲ လျစ်လျူရှုမိတဲ့အရာသေးသေးလေးတွေကနေစပြီး စိတ်ရောဂါ တစ်ခုအထိတောင်ဖြစ်သွားနိုင်တဲ့ အတိုင်းအတာတွေအများကြီးရှိပါတယ်။ ကိုယ်အခုဖြစ်နေတဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေမှာလည်း သူနဲ့သက်ဆိုင်တဲ့ အကြောင်းတရားတွေ အများကြီးရှိနေတတ်ပြီး ဒီလိုဖြစ်လာဖို့အတွက် အထောက်အကူဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း လူတိုင်းမှာ ရှိနိုင်ပါ တယ်။

စိတ်ပညာဆိုတာ တကယ့်ကိုကျယ်ပြန့်ပြီးလေ့လာစရာမကုန်နိုင်အောင်ပါပဲ။ ယွန်းယွန်းကတော့ စိတ်ပညာကျောင်းသူပီပီ သူမ သိသလောက်ကို ပရိသတ်တွေကို ပြန်လည်ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ Live လွှင့်နေစဉ်မှာလည်း ပရိသတ်တွေက ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ဝင်မေးကြပြီး ဒီအပေါ်မှာလည်း ယွန်းယွန်းက သေသေချာချာ ပြန်လည်ရှင်းပြခဲ့ပြီး အကြောင်းအရာတိုင်းဟာ တကယ်ကို ဗဟုသုတရတာမို့ အားလုံးအတွက် ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Yoon Yoon

(ဇော်ဂျီဖြင့်ဖတ်ရန်)

စိတ်ပညာနဲ့ပက်သက်တဲ့အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ်ရှင်းပြခဲ့တဲ့ ယွန်းယွန်းရဲ့ Live ဗီဒီယို




Happy – Cele Zone
Photo – Yoon Yoon