နှစ်သစ်အခါသမယမှာ ပရိသတ်တွေကိုမင်္ဂလာရှိတဲ့စကားလေးတွေနဲ့ ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ဖြူဖြူကျော်သိန်း

Posted on

ဒီနေ့ကတော့ မြန်မာလူမျိုးတွေအတွက် နေ့ထူးနေ့မြတ်လေးဖြစ်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ပါ။ ဒီလိုနေ့မျိုးမှာတော့ လူတိုင်းလိုလိုက ကုသိုလ်ကောင်းမှုတွေပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ဖြူဖြူကျော်သိန်းကတော့ ဒီလိုနေ့မျိုးမှာ ပရိသတ်တွေကို မင်္ဂလာရှိတဲ့စကားလေးတွေနဲ့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


ဖြူဖြူကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မင်္ဂလာရှိတဲ့မြန်မာနှစ်သစ်ပါရှင် ချစ်ပရိသတ်များအားလုံး ကိုယ်စိတ်နှလုံးသုံးပါးလုံးကျန်းမာချမ်းသာကြပါစေ။ ရောဂါကပ်ဆိုးဘေးကကင်းဝေးကြပါစေ။ အချင်းချင်းခြားချစ်ခြင်းမေတ္တာနဲ့ကိုယ်ချင်းစာတရားပွားများနိုင်ကြပါစေ။ အကုသိုလ်အမင်္ဂလာတွေနဲ့ကင်းဝေးအောင်နေနိုင်ပြီးအကြည်ဓာတ်တွေမျှဝေနိုင်ကြပါစေ” လို့ ရေးသားပြီး ပိတောက်ပန်းတွေနဲ့အတူ မြန်မာဆန်ဆန်နဲ့ကျက်သရေရှိလှတဲ့ပုံလေးတွေကို တင်ပေးခဲ့တာပါ။


ပရိသတ်တွေကတော့ မြန်မာဆန်တဲ့ဖြူဖြူရဲ့အလှတွေနဲ့အတူ ဆုတောင်းစကားလေးတွေကြောင့် ကြည်နူးခဲ့ရသလို ပြနလည်ပြီးတော့ ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ်။ ဖြူဖြူကတော့ ဆရာဝန်မလေးတစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုတော်တွေထဲမှာလည်းတစ်ယောက်ပါဝင်ပါတယ်။ ဖြူဖြူကတော့ အရည်အချင်းကောင်းတွေကိုပိုင်ဆိုင်ထားသလို ပရိသတ်တွေကိုအမြဲသတိရပြီးချစ်ခင်တတ်တဲ့အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်နော်….
Source : phyuphyukyawthein
Anna – CeleZone