အရမ်းမိုက်တဲ့ Rapper ကြီးနှစ်ယောက်အဖြစ်ကနေ ချစ်သူနဲ့တွေ့တော့ နွဲ့သွားရပြီဖြစ်တဲ့ နေဝင်းနဲ့ဖြိုးလေးရဲ့ ဗီဒီယို

Posted on

Tik Tok မှာ ခေတ်စားနေတဲ့ Flip the Switch Challenge ကိုတော့ အားလုံးသိကြမယ်ထင်ပါ တယ်။ ဒီ Challenge လေးဟာ သမီးရည်းစားတွေကြားမှာရော မိသားစုတွေကြားမှာပါ အတော်လေးရေပန်းစားပါတယ်။ ဒီနေ့မှာတော့ Rap အကြမ်းစားကြီးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ အကြမ်းစား Rapper ကြီးနှစ်ယောက်ဖြစ်တဲ့ ဦးနေဝင်းနဲ့ ဖြိုးလေးတို့ကတော့ ချစ်သူလေးတွေရဲ့ စိတ်တိုင်းကျ ဒီဟာသ Challenge လေးမှာပါဝင်ခဲ့ပါတယ်။

အကြမ်းစား Rap တွေ ရွတ်လာခဲ့တဲ့ဖြိုးလေးကိုတော့ ဝါဆိုက တော်တော်လေးနားချခဲ့ရတဲ့ အကြောင်းကို ” Challenge accepted from ကိုသစ်+မဂျူး ကိုနေဝင်း + ချော အောင်မလေး ကိုဖြိုးလေးကို ငိုယိုပြီးမနည်းလုပ်ခိုင်းလိုက်ရတယ် မောလိုက်ထွား တခြားသူငယ်ချင်းတွေကိုလဲ challenge ထပ်ခေါ်ပါတယ်နော် အားလုံးအိမ်ထဲမှာနေပြီး ဘဝအမောတွေ ပြေနိုင်ကြပါစေ ခွီလိုရပါပြီ ” ဆိုပြီး ဗီဒီယိုလေးနဲ့ ဝေမျှခဲ့ပါတယ်။

ဒီ Challenge လေးကို အစဖော်ခဲ့တဲ့ ချောကတော့ နေဝင်းနဲ့အတူတူ က ထားတဲ့ ဗီဒီယိုလေးကို ” Flip the Switch Challenge အားလုံး စိတ်ညစ်နေတဲ့အချိန်မှာ ပျော်စေချင်လို့ပါ ” ဆိုပြီး စတင် Challenge ခေါ်ခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲကြမ်းတဲ့ လူကြမ်းကြီး ဖြစ်နေပါစေ အချစ်နဲ့တွေ့တော့လည်း မီးထိတဲ့ဖယောင်းလို ပျော့သွားတာများ ချစ်စရာကောင်းချက်ပဲ။

Happy – Cele Zone
Photo – Warso Moe Oo / Eainy Chit Chaw

(ဇော်ဂျီဖြင့်ဖတ်ရန်)

အရမ္းမိုက္တဲ့ Rapper ႀကီးႏွစ္ေယာက္အျဖစ္ကေန ခ်စ္သူနဲ႔ေတြ႕ေတာ့ ႏြဲ႕သြားရၿပီျဖစ္တဲ့ ေနဝင္းနဲ႔ၿဖိဳးေလးရဲ႕ ဗီဒီယို

Tik Tok မွာ ေခတ္စားေနတဲ့ Flip the Switch Challenge ကိုေတာ့ အားလုံးသိၾကမယ္ထင္ပါ တယ္။ ဒီ Challenge ေလးဟာ သမီးရည္းစားေတြၾကားမွာေရာ မိသားစုေတြၾကားမွာပါ အေတာ္ေလးေရပန္းစားပါတယ္။ ဒီေန႔မွာေတာ့ Rap အၾကမ္းစားႀကီးေတြနဲ႔ ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ့တဲ့ အၾကမ္းစား Rapper ႀကီးႏွစ္ေယာက္ျဖစ္တဲ့ ဦးေနဝင္း နဲ႔ ၿဖိဳးေလးတို႔ကေတာ့ ခ်စ္သူေလးေတြရဲ႕ စိတ္တိုင္းက် ဒီဟာသ Challenge ေလးမွာ ပါဝင္ခဲ့ပါတယ္။

အၾကမ္းစား Rap ေတြ ႐ြတ္လာခဲ့တဲ့ၿဖိဳးေလးကိုေတာ့ ဝါဆိုက ေတာ္ေတာ္ေလးနားခ်ခဲ့ရတဲ့ အေၾကာင္းကို ” Challenge accepted from ကိုသစ္+မဂ်ဴး ကိုေနဝင္း + ေခ်ာ ေအာင္မေလး ကိုၿဖိဳးေလးကို ငိုယိုၿပီးမနည္းလုပ္ခိုင္းလိုက္ရတယ္ ေမာလိုက္ ထြား တျခားသူငယ္ခ်င္းေတြကိုလဲ challenge ထပ္ေခၚပါတယ္ေနာ္ အားလုံးအိမ္ထဲမွာေနၿပီး ဘဝအေမာေတြ ေျပႏိုင္ၾကပါ ေစ ခြီလိုရပါၿပီ ” ဆိုၿပီး ဗီဒီယိုေလးနဲ႔ ေဝမွ်ခဲ့ပါတယ္။

ဒီ Challenge ေလးကို အစေဖာ္ခဲ့တဲ့ ေခ်ာကေတာ့ ေနဝင္းနဲ႔အတူတူ က ထားတဲ့ ဗီဒီယိုေလးကို ” Flip the Switch Challenge အားလုံးစိတ္ညစ္ေနတဲ့အခ်ိန္မွာ ေပ်ာ္ေစခ်င္လို႔ပါ ” ဆိုၿပီး စတင္ Challenge ေခၚခဲ့တာပဲျဖစ္ပါတယ္။ ဘယ္ေလာက္ပဲၾကမ္းတဲ့ လူၾကမ္းၾကီးျဖစ္ေနပါေစ အခ်စ္နဲ႔ေတြ႕ေတာ့လည္း မီးထိတဲ့ဖေယာင္းလို ေပ်ာ့သြားတာမ်ား ခ်စ္စရာေကာင္းခ်က္ပဲ။

Happy – Cele Zone
Photo – Warso Moe Oo / Eainy Chit Chaw