အနုပညာရှင်တွေရော ပရိသတ်တွေပါ အရမ်းသဘောကျနေကြတဲ့ ကိုပေါက်ရဲ့ ဟာသဗီဒီယို

Posted on

သဏ္ဍာန်လုပ်သရုပ်တူဆိုတဲ့အတိုင်း ဒါရိုက်တာကိုပေါက်တစ်ယောက် အိမ်ထဲမှာပဲနေရတဲ့ ကာလတွေမှာ ကိုယ်တိုင်လည်းအပျင်းပြေ သလို ပရိသတ်ကြီးလည်း ထပ်တူပျော်ရွှင်နိုင်စေဖို့ Tik Tok ဗီဒီယိုလေးတွေ လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ မိန်းမလျာဇာတ်ရုပ်ကို အတော်လေး ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ခဲ့တာတော့ ဇာတ်ကားတွေက သက်သေပါပဲ။

ဟိုရက်ကလည်း မိန်းမလျာပုံစံနဲ့ ခပ်နွဲ့နွဲ့လေးသရုပ်ဆောင်ခဲ့ပြီး ဒီနေ့မှာလည်း သတင်းကြေညာ သူအဖြစ် နှုတ်ခမ်းနီပါဆိုးကာ ဟန်ပါပါ သရုပ်ဆောင်ခဲ့တဲ့ Tik Tok လေးဟာ အနုပညာရှင်တွေ ရော ပရိသတ်တွေပါ အရမ်းကိုသဘောကျပြီး ကြည့်ရှုသူလည်း လေးသောင်း ကျော်ခန့်ရှိသွား ခဲ့ပါပြီ။ အနုပညာဗီဇကတော့ အိမ်ထဲမှာနေတာတောင် ပရိသတ်တွေကိုဖျော်ဖြေနေတုန်းပဲ။

ဒီဗီဒီယိုလေးကို ပရိသတ်တွေရယ်မောရအောင် ” ကျွန်မက မြဝတီTVက သတင်းကြေငြာသူ မမ မေသူပါရှင့် ” ဆိုပြီး ဝေမျှထားတာ ပဲဖြစ်ပါတယ်။ ခပ်နွဲ့နွဲ့ဇာတ်ရုပ်ကို တကယ်ပီပြင်သူမို့ မိန်းမလေးလို သရုပ်ဖော်တဲ့အခါ မရယ်ဘဲမနေနိုင်လောက်အောင် ပီပြင်နေတာ တော့ ငြင်းမရတဲ့အချက်တစ်ခုပါပဲ။

Happy – Cele Zone
Photo – Aung Min Naing

(ဇော်ဂျီဖြင့်ဖတ်ရန်)

အႏုပညာရွင္ေတြေရာ ပရိသတ္ေတြပါ အရမ္းသေဘာက်ေနၾကတဲ့ ကိုေပါက္ရဲ႕ ဟာသဗီဒီယို

သ႑ာန္လုပ္သ႐ုပ္တူဆိုတဲ့အတိုင္း ဒါ႐ိုက္တာကိုေပါက္တစ္ေယာက္ အိမ္ထဲမွာပဲေနရတဲ့ ကာလေတြမွာ ကိုယ္တိုင္လည္းအပ်င္းေျပသလို ပရိသတ္ႀကီးလည္း ထပ္တူေပ်ာ္႐ႊင္ႏိုင္ေစဖို႔ Tik Tok ဗီဒီယိုေလးေတြ လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။ မိန္းမလ်ာဇာတ္႐ုပ္ကို အေတာ္ေလး ပီျပင္ပိုင္ႏိုင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့တာေတာ့ ဇာတ္ကားေတြက သက္ေသပါပဲ။

ဟိုရက္ကလည္း မိန္းမလ်ာပုံစံနဲ႔ ခပ္ႏြဲ႕ႏြဲ႕ေလးသ႐ုပ္ေဆာင္ခဲ့ၿပီး ဒီေန႔မွာလည္း သတင္းေၾကညာ သူအျဖစ္ ႏႈတ္ခမ္း နီပါဆိုးကာ ဟန္ပါပါသ႐ုပ္ေဆာင္ခဲ့တဲ့ Tik Tok ေလးဟာ အႏုပညာရွင္ေတြ ေရာ ပရိသတ္ေတြပါ အရမ္းကိုသေဘာက်ၿပီး ၾကည့္ရႈသူလည္း ေလးေသာင္းေက်ာ္ခန႔္ရွိသြား ခဲ့ပါၿပီ။ အႏုပညာဗီဇကေတာ့ အိမ္ထဲမွာေနတာေတာင္ ပရိသတ္ေတြကို ေဖ်ာ္ေျဖေနတုန္းပဲ။

ဒီဗီဒီယိုေလးကို ပရိသတ္ေတြရယ္ေမာရေအာင္ ” ကြၽန္မက ျမဝတီTVက သတင္းေၾကျငာသူ မမ ေမသူပါရွင့္ ” ဆိုျပီး ေဝမွ်ထားတာပဲျဖစ္ပါတယ္။ ခပ္ႏြဲ႕ႏြဲ႕ဇာတ္ရုပ္ကို တကယ္ပီျပင္သူမို႔ မိန္းမေလးလို သရုပ္ေဖာ္တဲ့အခါ မရယ္ဘဲမေနႏိုင္ေလာက္ ေအာင္ ပီျပင္ေနတာေတာ့ ျငင္းမရတဲ့အခ်က္တစ္ခုပါပဲ။

Happy – Cele Zone
Photo – Aung Min Naing