သင်္ကြန်နောက်ဆုံးနေ့မှာပဲ သားသီချင်းဆိုတာလာကြည့်ရင်း ဆုံးပါးသွားခဲ့တဲ့ဖခင်ကို သတိရနေတဲ့ နိုင်းဝမ်း

Posted on

သင်္ကြန်အတက်နေ့ဟာ အားလုံးအတွက်တော့ ပျော်စရာအကောင်းဆုံးနဲ့ အစွမ်းကုန် ပျော်ကြတဲ့ နေ့ရက်တစ်ခုပါပဲ။ ဒီလိုနေ့ရက်မှာ ကြေကွဲရတဲ့သူတွေလည်း ရှိကောင်းရှိနိုင်မှာပါ။ ဒီထဲမှာ အဆိုတော်နိုင်းဝမ်းလည်းပါဝင်ခဲ့ပါတယ်။ ပရိသတ်တွေကိုဖျော်ဖြေနေတဲ့ သားဖြစ်သူကို အားပေးပြီးအပြန်မှာ ဆုံးပါးသွားခဲ့တာကြောင့် အတက်နေ့ဟာ နိုင်းဝမ်းအတွက်တော့ စိတ်မကောင်းစရာနေ့တစ်နေ့ ဖြစ်ခဲ့ရပါတယ်။

 

မိဘတိုင်းဟာ သားသမီးတွေရဲ့အောင်မြင်မှုကိုလိုလားကြသူတွေမို့ သားလေးက အခုလို အောင်မြင်တဲ့ အဆိုတော်တစ်ယောက် အဖြစ်ရပ်တည်နေတာကိုသိရင် ဝမ်းသာနေမှာပါ။ ဆုံးပါး သွားတာ (၇) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဖခင်ကို သတိရစိတ်နဲ့ စာလေးရေးသားထားခဲ့ တာပဲဖြစ်ပါတယ်။ ထွက်သွားတဲ့သူထက် ကျန်ရစ်ခဲ့ရသူတွေက လွမ်းတသသနဲ့ ပိုပြီးခံစားရပါတယ်။

ဖခင်ကိုသတိရတဲ့စိတ်နဲ့ ငယ်စဉ်က ဖခင်နဲ့အတူရိုက်ထားတဲ့ ပုံလေးကို ” သင်္ကြန်နောက်ဆုံးနေ့ သားသီချင်းဆိုတာ လာကြည့်ပြီး လက်ပြနုတ်ဆက်လို့ပြန်သွားရာက အဖေဆုံးတာ ဒီနေ့ဆို ၇နှစ်တောင်ရှိခဲ့ပြီ စိတ်ထားပြည့်ဝလွန်းတဲ့အဖေ အကောင်းမွန်ဆုံးသော ဘုံဘဝမှာ ပျော်ရွှင်နေ ပါစေ ပေါ့ပေါ့ရေ ” ဆိုပြီးဝေမျှခဲ့ပါတယ်။ ကောင်းရာမွန်ရာဘုံဘဝမှာ ပျော်ရွှင်နေမှာပါ။

Happy – Cele Zone
Photo – Kyaw Zin Latt

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Kyaw Zin Latt