ရိုးရာသင်္ကြန်ပီသစွာနဲ့ မြန်မာဆန်ဆန်လေးတွေဝတ်ပြီး ရေကစားခဲ့ကြတဲ့ ဂရေဟမ်တို့မိသားစု

Posted on

ပထမဦးဆုံးအဖြစ် အပြင်မထွက်ရတဲ့သင်္ကြန်ပွဲမှာ ကိုယ့်မိသားစုနဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင် ကစားကြတာလည်း ကြည်နူးမှုတစ်မျိုးပါပဲ။ အနုပညာရှင်တော်တော်များများလည်း ကိုယ့်မိသားစုနဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင်ကစားခဲ့ကြပြီး ဒီလိုပျော်ရွှင်စရာအခိုက်အတန့်လေးကို ပရိသတ်ကြီးလည်း ထပ်တူပျော်ရွှင်နိုင်အောင် လူမှုကွန်ရက်ပေါ် ဝေမျှပေးတတ်ကြပါတယ်။

ဒီတစ်ခေါက်မှာလည်း ဂရေဟမ်တို့မိသားစုရဲ့ အိမ်တွင်းသင်္ကြန်လေးက တကယ်ကို ပျော်စရာ ကောင်းခဲ့ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ သားမိသုံးယောက်နဲ့အတူ ဖေဖေဂရေဟမ်လည်း အပျော်ကြီးပျော်နေခဲ့ပါတယ်။ အပျော်ဆိုတာ ကိုယ့်မိသားစုနဲ့ အတူ ဖြတ်သန်းကုန်ဆုံးရတဲ့အချိန်တွေမှာလည်း ရှာတတ်ရင်တွေ့နိုင်တဲ့အရာမျိုးပါ။

ပျော်စရာကောင်းတဲ့ မိသားစုရဲ့သင်္ကြန်အချိန်အခါဗီဒီယိုလေးကို ” သင်္ကြန်ကိုအိမ်မှာပဲ နေကြပါ အားလုံးကျန်းမာကြပါစေ ” ဆိုပြီး ဝေမျှ ထားတာပဲ ဖြစ်ပါတယ်။ မိသားစုလေးယောက်သား အပြန်အလှန်ရေတွေပက်ပြီး ပျော်နေပုံက ကြည့်မိတဲ့သူတွေကိုတောင် အပျော်တွေ ကူးစက် သွားစေခဲ့ပါတယ်။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ပန်းရောင်တို့ညီမလည်း ဖေဖေ မေမေတို့နဲ့ အပျော်ကြီးပျော်နေခဲ့ပါတယ်။

Happy – Cele Zone
Photo – Graham

(ဇော်ဂျီဖြင့်ဖတ်ရန်)

႐ိုးရာသၾကၤန္ပီသစြာနဲ႔ ျမန္မာဆန္ဆန္ေလးေတြဝတ္ၿပီး ေရကစားခဲ့ၾကတဲ့ ဂေရဟမ္တို႔မိသားစု

ပထမဦးဆုံးအျဖစ္ အျပင္မထြက္ရတဲ့သၾကၤန္ပြဲမွာ ကိုယ့္မိသားစုနဲ႔ကိုယ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ကစားၾကတာလည္း ၾကည္ႏူး မႈတစ္မ်ိဳးပါပဲ။ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားလည္း ကိုယ့္မိသားစုနဲ႔ကိုယ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ကစားခဲ့ၾကၿပီး ဒီလိုေပ်ာ္ ႐ႊင္စရာအခိုက္အတန႔္ေလးကို ပရိသတ္ႀကီးလည္း ထပ္တူေပ်ာ္႐ႊင္ႏိုင္ေအာင္ လူမႈကြန္ရက္ေပၚ ေဝမွ်ေပးတတ္ၾကပါတယ္။

ဒီတစ္ေခါက္မွာလည္း ဂေရဟမ္တို႔မိသားစုရဲ႕ အိမ္တြင္းသၾကၤန္ေလးက တကယ္ကို ေပ်ာ္စရာ ေကာင္းခဲ့ပါတယ္။ ျမန္မာဝတ္စုံ ေလးေတြနဲ႔ ခ်စ္စရာေကာင္းလြန္းတဲ့ သားမိသုံးေယာက္နဲ႔အတူ ေဖေဖဂေရဟမ္လည္း အေပ်ာ္ႀကီးေပ်ာ္ေနခဲ့ပါတယ္။ အေပ်ာ္ဆိုတာ ကိုယ့္မိသားစုနဲ႔အတူ ျဖတ္သန္းကုန္ဆုံးရတဲ့အခ်ိန္ေတြမွာလည္း ရွာတတ္ရင္ေတြ႕ႏိုင္တဲ့အရာမ်ိဳးပါ။

ေပ်ာ္စရာေကာင္းတဲ့ မိသားစုရဲ႕သၾကၤန္အခ်ိန္အခါဗီဒီယိုေလးကို ” သၾကၤန္ကိုအိမ္မွာပဲ ​ေနၾကပါ အားလုံးက်န္းမာၾကပါ​ေစ ” ဆိုၿပီး ေဝမွ်ထားတာပဲ ျဖစ္ပါတယ္။ မိသားစုေလးေယာက္သား အျပန္အလွန္ေရေတြပက္ျပီး ေပ်ာ္ေနပံုက ၾကည့္မိတဲ့သူ ေတြကိုေတာင္ အေပ်ာ္ေတြကူးစက္ သြားေစခဲ့ပါတယ္။ ရိုးရိုးေလးနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ ပန္းေရာင္တို႔ညီမလည္း ေဖေဖ ေမေမတို႔နဲ႔ အေပ်ာ္ၾကီးေပ်ာ္ေနခဲ့ပါတယ္။

Happy – Cele Zone
Photo – Graham