သင်္ကြန်မှာအတူရှိခဲ့တာ (၁၁) နှစ် ပြည့်အဖြစ် အိမ်တွင်းသင်္ကြန်ကျင်းပခဲ့ကြတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချော

Posted on

မကြာခင်မှာမင်္ဂလာပွဲကျင်းပတော့မှာဖြစ်တဲ့ နေဝင်းနဲ့အိမ့်ချစ်ချောတို့နှစ်ယောက်သားကတော့ လက်တွဲလာတဲ့သက်တမ်းဟာလည်း (၁၁) နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် လည်း သိပ်ချစ်ကြတဲ့ချစ်စရာစုံတွဲလေးပါပဲ။ ဆိုးအတူ ကောင်းအတူတွေကို အချိန်အကြာကြီး ဖြတ်သန်းလာခဲ့ပြီး အောင်မြင်မှုတွေ ကျရှုံးမှုတွေကို အတူတူဝေမျှခဲ့ကြသူတွေပါ။

အချိန်တွေကြာလေလေ သံယောဇဉ်တွေ ပိုပြီးခိုင်မြဲလေလေဆိုတဲ့စကားလေးကို နှစ်ယောက်သားက ကောင်းကောင်းကြီး သက်သေပြ သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရှိုးပွဲတစ်ခုမှာ နေဝင်းက ချစ်သူလေးကို ပရိသတ်တွေရှေ့၊ စင်ပေါ်မှာပဲ ရိုဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပြီး ဒီကြည်နူးစရာအဖြစ်အပျက်လေးဟာ မြင်သူတိုင်းကို အပြုံးဝေစေခဲ့ပါတယ်။

ဒီနှစ်ရဲ့ အပြင်မထွက်ရတဲ့ ၂၀၂၀ သင်္ကြန်နေ့ရက်တွေမှာတော့ နှစ်ယောက်သားက အိမ်မှာပဲ လေထိုးရေကူးကန်လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတာပါတယ်။ ကြည်နူးနေတဲ့ နှစ်ယောက်သားရဲ့ပုံရိပ်လေးကို ” သင်္ကြန်မှာတူတူရှိတာ (၁၁) နှစ်ပြည့် အမှတ်တရ ” ဆိုပြီး ချောတစ်ယောက် သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ မင်္ဂလာပွဲလေးကိုလည်း မျှော်လင့်နေပါပြီနော်။

Happy – Cele Zone
Photo – Eainy Chit Chaw

(ဇော်ဂျီဖြင့်ဖတ်ရန်)

သၾကၤန္မွာအတူရွိခဲ့တာ (၁၁) ႏွစ္ ျပည့္အျဖစ္ အိမ္တြင္းသၾကၤန္က်င္းပခဲ့ၾကတဲ့ ေနဝင္းနဲ႔ အိမ့္ခ်စ္ေခ်ာ

မၾကာခင္မွာမဂၤလာပြဲက်င္းပေတာ့မွာျဖစ္တဲ့ ေနဝင္းနဲ႔အိမ့္ခ်စ္ေခ်ာတို႔ႏွစ္ေယာက္သားကေတာ့ လက္တြဲလာတဲ့သက္တမ္းဟာ လည္း (၁၁) ႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ လည္း သိပ္ခ်စ္ၾကတဲ့ခ်စ္စရာစုံတြဲေလးပါပဲ။ ဆိုးအတူ ေကာင္းအတူေတြကို အခ်ိန္အၾကာႀကီး ျဖတ္သန္းလာခဲ့ၿပီး ေအာင္ျမင္မႈေတြ က်ရႈံးမႈေတြကို အတူတူေဝမွ်ခဲ့ၾကသူ ေတြပါ။

အခ်ိန္ေတြၾကာေလေလ သံေယာဇဥ္ေတြ ပိုၿပီးခိုင္ၿမဲေလေလဆိုတဲ့စကားေလးကို ႏွစ္ေယာက္သားက ေကာင္း ေကာင္းၾကီးသက္ေသျပသြားခဲ့ပါတယ္။ ျပီးခဲ့တဲ့ရိႈးပြဲတစ္ခုမွာ ေနဝင္းက ခ်စ္သူေလးကို ပရိသတ္ေတြေရွ႕၊ စင္ေပၚမွာပဲ ရိုဆန္ဆန္ လက္ထပ္ခြင့္ေတာင္းခဲ့တာ ျဖစ္ျပီး ဒီၾကည္ႏူးစရာအျဖစ္အပ်က္ေလးဟာ ျမင္သူတိုင္းကို အျပံဳးေဝေစခဲ့ပါတယ္။

ဒီႏွစ္ရဲ႕ အျပင္မထြက္ရတဲ့ ၂၀၂၀ သၾကၤန္ေန႔ရက္ေတြမွာေတာ့ ႏွစ္ေယာက္သားက အိမ္မွာပဲ ေလထိုးေရကူးကန္ေလးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းခဲ့ၾကတာပါတယ္။ ၾကည္ႏူးေနတဲ့ ႏွစ္ေယာက္သားရဲ႕ပံုရိပ္ေလးကို ” သၾကၤန္မွာတူတူရွိတာ (၁၁) ႏွစ္ျပည့္ အမွတ္တရ ” ဆိုျပီး ေခ်ာတစ္ေယာက္ သူမရဲ႕လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။ မဂၤလာပြဲေလးကိုလည္း ေမွ်ာ္လင့္ေနပါျပီေနာ္။

Happy – Cele Zone
Photo – Eainy Chit Chaw