သင်္ကြန်မိုးသီချင်းကို ဂစ်တာတစ်လက်နဲ့ နားထဲစွဲနေအောင် ဆိုပြသွားခဲ့တဲ့ သူရိယနဲ့ ဗီဒီယို

Posted on

အနုပညာသမားတစ်ယောက်ဆိုတာ ကိုယ်နီးစပ်ရာနယ်ပယ်တိုင်းမှာ ကျွမ်းကျင်မှုတစ်ခုတော့ ရှိကြစမြဲပါ။ သရုပ်ဆောင်တွေအနေနဲ့ လည်း သီချင်းဆိုတဲ့အခါမှာ နားဝင်ပီယဖြစ်အောင် စွမ်းဆောင်နိုင်တာလည်း အနုပညာရသတစ်ခုပါပဲ။ သူရိယတစ်ယောက်လည်း အရင်ရက်တွေ တုန်းက မျိုးကြီးရဲ့ ” ညီလေး ” ဆိုတဲ့ သီချင်းကိုဆိုပြခဲ့ပြီးနောက် ဒီနေ့မှာလည်း အားလုံး သဘောကျခဲ့တဲ့ ” သင်္ကြန်မိုး ” သီချင်းကို ဆိုပြခဲ့ပါတယ်။

ဒီသီချင်းဟာ အစဉ်အလာကြီးမားတဲ့သီချင်းဖြစ်ပြီး အားလုံးရဲ့နှလုံးသားထဲမှာ စွဲနေတဲ့ သီချင်းကောင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာလည်း မြန်မာ့အနုပညာသမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး သင်္ကြန်ရောက်ခါနီးတိုင်း ဒီဇာတ်ကားကို ပြန်လွှင့်ပြတတ်ပြီး ဇာတ်ဝင်တေးဟာလည်း အားလုံးရဲ့နှလုံးသားထဲကို သင်္ကြန်ရဲ့ အနှစ်သာရတွေ စိမ့်ဝင်အောင် ဖန်တီးနိုင်တဲ့စာသားတွေနဲ့ တေးစပ်သီကုံးထားခဲ့တာပါ။

ဒီလို အားလုံးကြိုက်နှစ်သက်ကြတဲ့သီချင်းကို ပြန်ဆိုတဲ့အခါမှာ နာမည်ရှိ အနုပညာရှင် တစ်ယောက်အနေနဲ့ တာဝန်ကြီးတာတော့ အမှန်ပါပဲ။ သို့ပေမယ့် သူရိယတစ်ယောက် ဒီသီချင်းလေးကို ဂစ်တာလေးတီးပြီးဆိုပြသွားတာ တကယ့်ကိုနားဝင်ပီယပါပဲ။ အားလုံးလည်း နားဆင်နိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Thu Riya

(ဇော်ဂျီဖြင့်ဖတ်ရန်)

သၾကၤန္မိုးသီခ်င္းကို ဂစ္တာတစ္လက္နဲ႔ နားထဲစြဲေနေအာင္ ဆိုျပသြားခဲ့တဲ့ သူရိယနဲ႔ ဗီဒီယို

အႏုပညာသမားတစ္ေယာက္ဆိုတာ ကိုယ္နီးစပ္ရာနယ္ပယ္တိုင္းမွာ ကြၽမ္းက်င္မႈတစ္ခုေတာ့ ရွိၾကစၿမဲပါ။ သ႐ုပ္ေဆာင္ေတြ အေနနဲ႔လည္း သီခ်င္းဆိုတဲ့အခါမွာ နားဝင္ပီယျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္တာလည္း အႏုပညာရသတစ္ခုပါပဲ။ သူရိယ တစ္ေယာက္လည္း အရင္ရက္ေတြ တုန္းက မ်ိဳးႀကီးရဲ႕ ” ညီေလး ” ဆိုတဲ့ သီခ်င္းကိုဆိုျပခဲ့ၿပီးေနာက္ ဒီေန႔မွာလည္း အားလုံး သေဘာက်ခဲ့တဲ့ ” သၾကၤန္မိုး ” သီခ်င္းကို ဆိုျပခဲ့ပါတယ္။

ဒီသီခ်င္းဟာ အစဥ္အလာႀကီးမားတဲ့သီခ်င္းျဖစ္ၿပီး အားလုံးရဲ႕ႏွလုံးသားထဲမွာ စြဲေနတဲ့ သီခ်င္းေကာင္းတစ္ပုဒ္လည္းျဖစ္ပါ တယ္။ ဒီဇာတ္ကားဟာလည္း ျမန္မာ့အႏုပညာသမိုင္းမွာ မွတ္ေက်ာက္တင္ႏိုင္ခဲ့တဲ့ ဇာတ္ကားတစ္ကားျဖစ္ၿပီး သၾကၤန္ေရာက္ခါနီးတိုင္း ဒီဇာတ္ကားကို ျပန္လႊင့္ျပတတ္ၿပီး ဇာတ္ဝင္ေတးဟာလည္း အားလုံးရဲ႕ႏွလုံးသားထဲကို သၾကၤန္ရဲ႕ အႏွစ္သာရေတြ စိမ့္ဝင္ ေအာင္ဖန္တီးႏိုင္တဲ့စာသားေတြနဲ႔ ေတးစပ္သီကုံးထားခဲ့တာပါ။

ဒီလို အားလံုးၾကိဳက္ႏွစ္သက္ၾကတဲ့သီခ်င္းကို ျပန္ဆိုတဲ့အခါမွာ နာမည္ရွိ အႏုပညာရွင္ တစ္ေယာက္အေနနဲ႔ တာဝန္ၾကီးတာေတာ့ အမွန္ပါပဲ။ သို႔ေပမယ့္ သူရိယတစ္ေယာက္ ဒီသီခ်င္းေလးကို ဂစ္တာေလးတီးျပီးဆိုျပသြားတာ တကယ့္ကိုနားဝင္ပီယပါပဲ။ အားလံုးလည္း နားဆင္ႏိုင္ဖို႔အတြက္ တင္ဆက္ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – Thu Riya