ပရိသတ်တွေကို စန္ဒယားတီးပြီး ဖျော်ဖြေခဲ့ကြတဲ့ ခိုင်သင်းကြည်တို့သားမိရဲ့ Live ဗီဒီယို

Posted on

အနုပညာဗီဇဟာ ကောင်းတဲ့အမွေတစ်ခုပါပဲ။ မခိုင်လေးတစ်ယောက် အနုပညာလမ်းကြောင်း ပေါ်မှာ နှစ်ပေါင်း (၂၀) ကျော်ကြာ လျှောက်လှမ်းခဲ့ပြီး လက်ရှိအချိန်ထိလည်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေဆဲပါပဲ။ သမီးလေး ထိပ်ထိပ်ဟာလည်း မေမေ့ရဲ့အမွေကို အကောင်းမွန်ဆက်ခံခဲ့ပြီး ကြော်ငြာလေးတွေရိုက်ကူးခဲ့ကာ အကယ်ဒမီ ရွှေကြိုမယ်လေးအဖြစ်လည်း ပါဝင်ခဲ့ပါသေး တယ်။

ဇာတ်ကားတွေရိုက်ကူးဖို့ကိုတော့ မခိုင်လေးကခွင့်မပြုသေးဘဲ သမီးလေးရဲ့ပညာရေးကို ပိုပြီးဦးစားပေးချင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ COVID 19 ကြောင့် အားလုံးအိမ်ထဲမှာပဲနေရတဲ့ အချိန် မခိုင်လေးတို့သားမိက ပရိသတ်တွေမပျင်းရလေအောင် Live လွှင့်ပြီး ကိုယ်တိုင် စန္ဒယားတီးပြခဲ့တာပဲဖြစ်ပါတယ်။

အင်္ဂလိပ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်တီးတတ်တဲ့ ထိပ်ထိပ်လေးနဲ့ မြန်မာသံစဉ်သီချင်းကို တီးခတ်နိုင်သေးတဲ့ မခိုင်လေးတို့ရဲ့ လက်စွမ်း ကတော့ နားသောတဆင်ရသူတိုင်း ကြည်နူးပီတိဖြစ်လောက်ပါရဲ့။ ထူးချွန်ထက်မြက်တဲ့သမီးလေးကို ပိုင်ဆိုင်ထားတာကြောင့် မေမေ ကတော့ ဂုဏ်ယူမဆုံးဖြစ်နေတော့မှာပါ။

Happy – Cele Zone
Photo – Khine Thin Kyi

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Khine Thin Kyi