အုန်းလက်မဏ္ဍပ်လေးလုပ်ပြီး ပျော်ပျော်ပါးပါး သင်္ကြန်ကျခဲ့တဲ့ မိုးမိုးတို့မိသားစုရဲ့ ဗီဒီယို

Posted on

ကိုယ့်မိသားစုသင်္ကြန်ဆိုတာတော့ ကိုယ့်အိမ်ထဲမှာပဲလုပ်လို့ရတဲ့ private သင်္ကြန်လေးပေါ့နော်။ ပထမဆုံးအပြင်မထွက်ရတဲ့ သင်္ကြန် ဆိုတော့လည်း ကိုယ့်မိသားစုနဲ့ကိုယ်ပဲ အပျော်လေးတွေ ရှာတတ်ရတာပေါ့နော်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မိုးမိုးတို့မိသားစုတွေ ခြံထဲမှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်္ကြန်ပျော်နေကြတဲ့အချိန်လေးကို Live လွှင့်စဉ်မှာ မသိတဲ့သူတစ်ချို့က ဝေဖန်မှုတွေရှိခဲ့တာကြောင့် မိုးမိုးက ဒီနေ့မှာပြန်လည်ရှင်းပြခဲ့ပါတယ်။

ခြံထဲမှာပဲဆော့နေတာဖြစ်ပြီး အားလုံးက အိမ်မှာပဲနေတဲ့သူတွေဖြစ်တဲ့အကြောင်းနဲ့ တစ်ယောက်ချင်းစီကိုလည်း မိတ်ဆက်ပေးခဲ့ပါသေး တယ်။ အိမ်ထဲမှာ အားလုံးစုစုပေါင်း ကိုးယောက်နေပြီး ပျော်စရာမိသားစုကြီးအနေနဲ့ ရေကစားနေကြတာ ကြည်နူးစရာပါ။ ပရိသတ်တွေ နဲ့ အပြန်အလှန်စကားတွေပြောခဲ့ကြပြီး ပိုမိုရင်းနှီးတဲ့သင်္ကြန်ဖြစ်ခဲ့ပါတယ်။

မနက်ဖြန်ဆိုရင် သင်္ကြန်နောက်ဆုံးရက်ဖြစ်ပြီး အားလုံးကိုသင်္ကြန်က အလွမ်းတွေနဲ့ နှုတ်ဆက်သွားတော့မှာပါ။ ဒီနှစ်မှာ ရောဂါကြောင့် မပျော်ရွှင်လိုက်ရပေမယ့် ဘေးကင်းလုံခြုံမှုလောက် ပျော်စရာကောင်းတာမရှိပါဘူးနော်။ ပရိသတ်ကြီးလည်း အိမ်ထဲမှာပဲနေပြီး ကိုယ့်မိသားစုနဲ့ကိုယ်ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေနော်။

Happy – Cele Zone
Photo – Moe Sithu Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)

အုန္းလက္မ႑ပ္ေလးလုပ္ျပီး ေပ်ာ္ေပ်ာ္ပါးပါး သၾကၤန္က်ခဲ့တဲ့ မိုးမိုးတို႔မိသားစုရဲ႕ ဗီဒီယို

ကိုယ့္မိသားစုသၾကၤန္ဆိုတာေတာ့ ကိုယ့္အိမ္ထဲမွာပဲလုပ္လို႔ရတဲ့ private သၾကၤန္ေလးေပါ့ေနာ္။ ပထမဆံုးအျပင္မထြက္ရတဲ့ သၾကၤန္ဆိုေတာ့လည္း ကိုယ့္မိသားစုနဲ႔ကိုယ္ပဲ အေပ်ာ္ေလးေတြ ရွာတတ္ရတာေပါ့ေနာ္။ ျပီးခဲ့တဲ့ရက္ပိုင္းေလာက္က မိုးမိုးတို႔မိသားစုေတြ ျခံထဲမွာပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ သၾကၤန္ေပ်ာ္ေနၾကတဲ့အခ်ိန္ေလးကို Live လႊင့္စဥ္မွာ မသိတဲ့သူ တစ္ခ်ို႕က ေဝဖန္မႈေတြရွိခဲ့တာေၾကာင့္ မိုးမုိးက ဒီေန႔မွာျပန္လည္ရွင္းျပခဲ့ပါတယ္။

ျခံထဲမွာပဲေဆာ့ေနတာျဖစ္ျပီး အားလံုးက အိမ္မွာပဲေနတဲ့သူေတြျဖစ္တဲ့အေၾကာင္းနဲ႔ တစ္ေယာက္ခ်င္းစီကိုလည္း မိတ္ဆက္ေပးခဲ့ပါေသးတယ္။ အိမ္ထဲမွာ အားလံုးစုစုေပါင္း ကိုးေယာက္ေနျပီး ေပ်ာ္စရာမိသားစုၾကီးအေနနဲ႔ ေရကစားေန ၾကတာ ၾကည္ႏူးစရာပါ။ ပရိသတ္ေတြနဲ႔ အျပန္အလွန္စကားေတြေျပာခဲ့ၾကျပီး ပိုမိုရင္းႏွီးတဲ့သၾကၤန္ျဖစ္ခဲ့ပါတယ္။

မနက္ျဖန္ဆိုရင္ သၾကၤန္ေနာက္ဆံုးရက္ျဖစ္ျပီး အားလံုးကိုသၾကၤန္က အလြမ္းေတြနဲ႔ ႏႈတ္ဆက္သြားေတာ့မွာပါ။ ဒီႏွစ္မွာ ေရာဂါေၾကာင့္မေပ်ာ္ရႊင္လုိက္ရေပမယ့္ ေဘးကင္းလံုျခံဳမႈေလာက္ ေပ်ာ္စရာေကာင္းတာမရွိပါဘူးေနာ္။ ပရိသတ္ၾကီးလည္း အိမ္ထဲမွာပဲေနျပီး ကိုယ့္မိသားစုနဲ႔ကိုယ္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းႏိုင္ပါေစေနာ္။

Happy – Cele Zone
Photo – Moe Sithu Kyaw