အများကြီးလှူတန်းပြီးတာတောင် PPE ဝတ်စုံ (၅၀) ထပ်မံလှူတန်းခဲ့သေးတဲ့ စမိုင်းလ်တို့မိသားစု

Posted on

” အလှူရေစက်လက်နဲ့မကွာလှူနိုင်တန်းနိုင်ရပါလို၏ ” ဆိုတဲ့ဆုနဲ့ပြည့်စုံတဲ့ စမိုင်းလ်တို့ မိသားစုကတော့ တကယ့်ကိုကံထူးသူတွေပါပဲ။ လှူချင်တဲ့အချိန်မှာ လှူချင်တဲ့နေရာကို လှူချင်တိုင်းလှူလို့ရတဲ့ကုသိုလ်ကလည်း နည်းနည်းနောနောမှ မဟုတ်တာနော်။ COVID 19 ကပ်ရောဂါကြီး စဖြစ်ကတည်းက လိုအပ်တဲ့နေရာတိုင်းကို လက်လှမ်းမှီသလောက်လှူတန်းခဲ့ပြီး ဒီတစ်ခေါက်မှာလည်း PPE ဝတ်စုံ (၅၀) ကို ထပ်မံလှူတန်းလိုက်ပြန်ပါပြီပရိသတ်ကြီးရေ။

ကိုယ့်တိုင်းပြည်မှာ အခုလို လိုအပ်နေတဲ့အချိန် တစ်ဖက်တစ်လမ်းက ကူညီပေးတတ်တာလည်း မွန်မြတ်တဲ့စိတ်ထားလေးပါပဲနော်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း စည်ပင်အောက်ခြေ ဝန်ထမ်းတွေနဲ့ အနှေးယာဉ်မောင်း အိမ်ထောင်စု (၇၀၀) အတွက် တစ်ပတ်စာ ရိက္ခာထောက်ပံ့ပေး ခဲ့ပါသေးတယ်။ စိတ်စေတနာဖြူစင်မှုကတော့ ငွေနဲ့ဝယ်လို့မရတဲ့ တန်ဖိုးတစ်ခုပါပဲ။

မိသားစုရဲ့ကြည်နူးစရာအလှူပုံရိပ်လေးတွေကို ” We love Yangon အဖွဲ့သားများသို့ PPE ဝတ်စုံ ၅၀ ထပ်မံလှူဒါန်းခဲ့တယ်။ Good Luck Myanmar ” ဆိုပြီး ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်ပိုင် ပျော်ရွှင်ချိန်လေးတွေကိုလည်းဖန်တီးတတ်သလို အများပြည်သူကိုလည်း အဆင်ပြေအောင် လှူတန်းပေးတတ်တဲ့ စမိုင်းလ်တို့မိသားစု ဒီထက်မကပိုပြီး လှူတန်းနိုင်ပါစေနော်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

အမ်ားႀကီးလႉတန္းၿပီးတာေတာင္ PPE ဝတ္စုံ (၅၀) ထပ္မံလႉတန္းခဲ့ေသးတဲ့ စမိုင္းလ္တို႔မိသားစု

” အလႉေရစက္လက္နဲ႔မကြာလႉႏိုင္တန္းႏိုင္ရပါလို၏ ” ဆိုတဲ့ဆုနဲ႔ျပည့္စုံတဲ့ စမိုင္းလ္တို႔ မိသားစုကေတာ့ တကယ့္ကိုကံထူးသူ ေတြပါပဲ။ လႉခ်င္တဲ့အခ်ိန္မွာ လႉခ်င္တဲ့ေနရာကို လႉခ်င္တိုင္းလႉလို႔ရတဲ့ကုသိုလ္ကလည္း နည္းနည္းေနာေနာမွ မဟုတ္တာေနာ္။ COVID 19 ကပ္ေရာဂါႀကီး စျဖစ္ကတည္းက လိုအပ္တဲ့ေနရာတိုင္းကို လက္လွမ္းမွီသေလာက္လႉတန္းခဲ့ၿပီး ဒီတစ္ေခါက္မွာလည္း PPE ဝတ္စုံ (၅၀) ကို ထပ္မံလႉတန္းလိုက္ျပန္ပါၿပီပရိသတ္ႀကီးေရ။

ကိုယ့္တိုင္းျပည္မွာ အခုလို လိုအပ္ေနတဲ့အခ်ိန္ တစ္ဖက္တစ္လမ္းက ကူညီေပးတတ္တာလည္း မြန္ျမတ္တဲ့စိတ္ထားေလးပါပဲေနာ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္ကလည္း စည္ပင္ေအာက္ေျခ ဝန္ထမ္းေတြနဲ႔ အေႏွးယာဥ္ေမာင္း အိမ္ေထာင္စု (၇၀၀) အတြက္ တစ္ပတ္စာရိကၡာေထာက္ပံ့ေပး ခဲ့ပါေသးတယ္။ စိတ္ေစတနာျဖဴစင္မႈကေတာ့ ေငြနဲ႔ဝယ္လို႔မရတဲ့ တန္ဖိုးတစ္ခုပါပဲ။

မိသားစုရဲ႕ၾကည္ႏူးစရာအလွဴပံုရိပ္ေလးေတြကို ” We love Yangon အဖြဲ႕သားမ်ားသို႔ PPE ဝတ္စုံ ၅၀ ထပ္မံလႉဒါန္းခဲ့တယ္။ Good Luck Myanmar ” ဆိုျပီး ေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။ ကိုယ္ပိုင္ ေပ်ာ္ရႊင္ခ်ိန္ေလးေတြကိုလည္းဖန္တီးတတ္သလို အမ်ားျပည္သူ ကိုလည္း အဆင္ေျပေအာင္ လွဴတန္းေပးတတ္တဲ့ စမိုင္းလ္တို႔မိသားစု ဒီထက္မကပိုျပီး လွဴတန္းႏိုင္ပါေစေနာ္။

Happy – Cele Zone
Photo – Smile