ပရိသတ်တွေအရမ်းသဘောကျနေကြတဲ့ စမိုင်းတို့သားမိသုံးယောက်ရဲ့ အက ဗီဒီယို

Posted on

အိမ်ထဲမှာပဲနေတာများလာတော့ ကိုယ့်မိသားစုထဲမှာပဲ အပျော်လေးတွေကို အဆင်ပြေသလို ရှာဖွေတဲ့အထဲမှာ စမိုင်းလ်တို့လည်း အပါအဝင်ပါပဲ။ တော်တော်များများရဲ့ စိတ်အပန်းဖြေစရာ နေရာတစ်ခုဟာ Tik Tok ဖြစ်လာခဲ့ပြီး လူတိုင်းလိုလို Tik Tok ကစားလာ ခဲ့ကြပါတယ်။ ဒီနေ့မှာလည်း စမိုင်းလ်တို့သားမိသုံးယောက် အမိုက်စားကကွက်တွေနဲ့ ကထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ ပါတယ်။

သမီးလေးတွေနဲ့ အိမ်မှာပဲအတူတူနေရင်း ပျော်တဲ့အချိန်လေးတွေရှိသလို ကိုယ့်ရင်သွေးလေးတွေကို ဘာသာတရားကိုင်းရှိုင်းတတ် အောင် သင်ပေးတဲ့ မေမေစမိုင်းလ်ရဲ့ အရည်အချင်းကတော့ လေးစားလောက်စရာပါပဲ။ နိုင်ငံခြားမှာပဲကြီးပျင်းလာခဲ့ပြီး ကျောင်းတက်ခဲ့ ရတာကြောင့် မြန်မာစကားနဲ့ မြန်မာ့ရိုးရာတွေကို သိပ်မရင်းနှီးသေးတဲ့ သမီးလေးတွေကို အကောင်းမွန်ဆုံးသင်ပြပေးနိုင်တာ တကယ်ကို တော်လွန်းသူပါပဲ။

သမီးလေးနှစ်ယောက်ကို ဘုရားလုပ်ချိန်အတူလုပ်ပေးသလို ပျော်တဲ့အချိန်တွေကိုလည်း အတူတူလိုက်ပြီးပျော်ပေးတဲ့ ရင့်ကျက်ပြီး ထိန်းချုပ်တာတော်လွန်းတဲ့ စမိုင်းလ်ကတော့ မေမေတွေရဲ့စံပြပဲနော်။ သမီးလေးတွေနဲ့ က ထားတဲ့ ဗီဒီယိုလေးကို ” စိတ်ညစ်လို့ သမီးလေးတွေ နဲ့ဆော့ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာသားမိသုံးယောက်ရဲ့ ဗီဒီယိုလေးကို ပြန်လည် တင်ဆက်ပေးလိုက် တယ်နော်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Smile