Treasure လေး ကိုးလပြည့်မွေးနေ့မှာပဲ သုံးယောက်အတူ အိမ်တွင်းသင်္ကြန်ကျင်းပခဲ့ကြတဲ့ စန္ဒီမြင့်လွင်တို့ မိသားစု

Posted on

ချစ်စရာသမီးလေးကြောင့် ပိုပြီးပျော်စရာကောင်းလာခဲ့တဲ့ စန္ဒီမြင့်လွင်တို့ရဲ့ မိသားစုနေ့ရက်တွေ ဟာ တစ်နေ့တခြား ပိုပြီးပြည့်စုံလာခဲ့ပါ တယ်။ အမေတူသမီးလေးက မေမေနဲ့ချွတ်စွတ်တူသလို မေမေ့လိုပဲ အနုပညာဝါသနာပါမလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့နော်။ သင်္ကြန်ကာလတွေ မှာ အိမ်ထဲကအိမ်ပြင်ထွက်ခွင့်မရှိတာကြောင့် အများစုကတော့ ကိုယ့်မိသားစုနဲ့ကိုယ်ပဲ အဆင်ပြေသလို ရေကစားခဲ့ ကြပါတယ်။

ဒီနေ့မှာတော့ ဒီဒီးတို့မိသားစုသုံးယောက်အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ လေထိုးရေကူးကန်ထဲမှာ ရေကစားနေကြတာဖြစ်ပြီး ချစ်စရာ သမီးလေး Treasure ဟာလည်း ဖေဖေမေမေတို့နဲ့အတူ အရမ်းကိုပျော်ရွှင်ရတဲ့အခိုက်အတန့်လေးတွေကြောင့် ပြုံးပျော်နေပုံလေးက ဖက်နမ်းချင်စရာ ကောင်းလွန်းနေပါတယ်။ တစ်တစ်တုတ်တုတ်သမီးလေးက အဖြူစင်ဆုံးအပြုံးလေးနဲ့ အားလုံးရဲ့ နှလုံးသားတွေကို သိမ်းပိုက်သွားခဲ့ပါပြီ။

မိသားစုသုံးယောက်အတူတူပျော်ရွှင်နေကြတဲ့ပုံရိပ်လေးတွေကို ” ဒီနေ့ညနေအိမ်မှာပဲ သကြင်္န်ကျလိုက်တယ် ထရက်ရှာအရမ်းပျော်နေ တယ်နော် သူအပျော်ဆုံး ဒီနေ့ထရက်ရှာ ကိုးလပြည့်ပါပြီ ” ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။ ချစ်စရာကလေးလေးရဲ့ အဖြူစင်ဆုံး အပြုံးပုံရိပ်လေးတွေက မြင်သူတိုင်းကို ရင်အေးစေမှာမို့ တင်ဆက်ပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Sandi Myint Lwin

(ဇော်ဂျီဖြင့်ဖတ်ရန်)

Treasure ေလး ကိုးလျပည့္ေမြးေန႔မွာပဲ သုံးေယာက္အတူ အိမ္တြင္းသၾကၤန္က်င္းပခဲ့ၾကတဲ့ စႏၵီျမင့္လြင္တို႔ မိသားစု

ခ်စ္စရာသမီးေလးေၾကာင့္ ပိုၿပီးေပ်ာ္စရာေကာင္းလာခဲ့တဲ့ စႏၵီျမင့္လြင္တို႔ရဲ႕ မိသားစုေန႔ရက္ေတြဟာ တစ္ေန႔ တျခား ပိုၿပီးျပည့္စုံလာခဲ့ပါတယ္။ အေမတူသမီးေလးက ေမေမနဲ႔ခြၽတ္စြတ္တူသလို ေမေမ့လိုပဲ အႏုပညာဝါသနာပါမလား ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာေပါ့ေနာ္။ သၾကၤန္ကာလေတြ မွာ အိမ္ထဲကအိမ္ျပင္ထြက္ခြင့္မရွိတာေၾကာင့္ အမ်ားစုကေတာ့ ကိုယ့္မိသားစုနဲ႔ကိုယ္ပဲ အဆင္ေျပသလို ေရကစားခဲ့ၾကပါတယ္။

ဒီေန႔မွာေတာ့ ဒီဒီးတို႔မိသားစုသုံးေယာက္အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေလထိုးေရကူးကန္ထဲမွာ ေရကစားေနၾကတာ ျဖစ္ၿပီး ခ်စ္စရာသမီးေလး Treasure ဟာလည္း ေဖေဖေမေမတို႔နဲ႔အတူ အရမ္းကိုေပ်ာ္႐ႊင္ရတဲ့အခိုက္အတန႔္ေလးေတြေ ၾကာင့္ ၿပဳံးေပ်ာ္ေနပုံေလးက ဖက္နမ္းခ်င္စရာ ေကာင္းလြန္းေနပါတယ္။ တစ္တစ္တုတ္တုတ္သမီးေလးက အျဖဴစင္ဆုံးအၿပဳံး ေလးနဲ႔ အားလုံးရဲ႕ ႏွလုံးသားေတြကို သိမ္းပိုက္သြားခဲ့ပါၿပီ။

မိသားစုသုံးေယာက္အတူတူေပ်ာ္႐ႊင္ေနၾကတဲ့ပုံရိပ္ေလးေတြကို ” ဒီေန႔ညေနအိမ္မွာပဲ သၾကနၤ္က်လိုက္တယ္ ထရက္ရွာ အရမ္းေပ်ာ္ေနတယ္ေနာ္ သူအေပ်ာ္ဆုံး ဒီေန႔ထရက္ရွာ ကိုးလျပည့္ပါျပီ ” ဆိုျပီး ေဝမွ်ထားတာပဲျဖစ္ပါတယ္။ ခ်စ္စရာ ကေလးေလးရဲ႕ အျဖဴစင္ဆံုး အျပံဳးပံုရိပ္ေလးေတြက ျမင္သူတိုင္းကို ရင္ေအးေစမွာမို႔ တင္ဆက္ေပးလိုက္တယ္ေနာ္။

Happy – Cele Zone
Photo – Sandi Myint Lwin